Subscribe Twitter

Monday, August 23, 2010

စိတ်ဖြေ


အာခေါင်ခြောက်၍ ရင်တွေပူ
ပူပြင်းလွန်းတဲ့ နေရောင်အောက်
အရိပ်ကိုစောင့်လျှက်သူလေမျှော်
ရေခဲရေကိုတမ်းတ လွမ်းရတဲ့ရက်တွေ
ချွေးထွက်လေလေ ပူလေလေ
သူလေလူပေါင်းမှား လေပြီ
လေပြေလေကို တမ်းအော်ရင်း
မနေ့ကကျွန်တော် အိပ်တူးအို
သောက်တာများသွားတယ်။      ။

Sunday, August 22, 2010

ဤဘဝ



သူရယ်ကိုယ်ရယ်
ချစ်ရယ်သက်ရယ်
ကြင်နာလေးရယ်
ရင်မှာပေးမယ်.....

မောင်ရယ်မေရယ်
ဆောင်ကာလေရယ်
အစဉ်မေးမယ်
မကြင်နာဘေးဖယ်.....

နှလုံးသားဝယ်
အပြုံးလားကွယ်
မေးပါနဲ့ရယ်
ပေးသာပေးမယ်.....

နမ်းမှာလားမောင်
လမ်းသာပေးတယ်
နောက်များတော့ကွယ်
စောင့်လာသမျှရယ်
ဖောက်ကာပြားတယ်
ဩော်........
လူဖြစ်လာရ ဤဘ၀၀ယ်
သူပြစ်ခါမှ ပူရလေတယ်။       ။

Tuesday, August 10, 2010

သူငယ်ချင်းအတွက်.....ကာရံမဲ့

သူငယ်ချင်း...
မင်းနှလုံးသားချိုးဖဲ့ခံရပေမယ့်
ခန္နာကိုယ်တော့ကျန်ပါသေးတယ်
တကယ်တော့
နှလုံးသားဟာခန္နာကိုယ်ရဲ့
အစိတ်ပိုင်းတစ်ခုပါ။
မင်းချစ်သူပေးတဲ့ဒဏ်ရာက

ကလိုရင်း ငွေ့လောက်မပြင်းပါဘူး
မင်းရင်ထဲပူလောင်နေတာဟာ
ယူရေနီယံသတ္တု လောက်
မပြင်းပါဘူး။
မင်းချစ်သူက အချစ်ကို
ဆောလ်ဝဲတစ်ခုလို Install လုပ်လိုက်
Uninstall လုပ်လိုက် သဘောပါ။
သက်တမ်းကုန်သွားတဲ့
ဗိုင်းရပ်ဆော့လ်ဝဲ လို့သာသဘောထားပါ။














Sunday, August 8, 2010

မာယာများတဲ့ပင်လယ်

မောင်ရယ်....
ကြင်နာတွေကြောင့်
လန်းဆန်းရပါတယ်
အကြည့်တွေကြောင့်
ရင်ဖိုရပါတယ်
အကြင်နာရယ်ကြောင့်
ကြည်နူးရပါတယ်
သူ့အပြောကအလွန်ကောင်း
ပုဇွန်ခေါင်းဆိတ်သလို
သူလွယ်ပြောပြော
ဟန်ဆောင်အပြုံးနဲ့
ကောင်ကင်ပြိုသလို
နှလုံးသားအစစ်ကို
ဝက်သားတုတ်ထိုးစားသလို
ပင်လယ် ဘာကြောင့်ပြာပြာ
လှိုင်းလေမှန်ရင်ပင်လယ်ကြောင့်
မာယာလေရူးနဲ့ ပင်လယ်ဟာမာယာများတယ်။ ။

Wednesday, August 4, 2010

သူတို့စကား





သူ့ဂုဏ်မြောက်သော်ကိုယ့်ဂုဏ်မြောက်၏၊ သူ့ဂုဏ်နှိမ့်သော် ကိုယ်ဂုဏ်နိမ့်၏
(မန်လည်ဆရာတော် ဘုရားကြီး၏ မဃဒေ၀လင်္ကာ)












နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးပဲဖြစ်တယ် (ဗိုလ်ချုပ်အောင်ဆန်း)







သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ အဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကိုရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကိုသိရင် အချူပ်ကတော့ မအ ဘူးပေါ့။
(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)