Subscribe Twitter

Thursday, September 30, 2010

အခြေခံ Javascript 2

Massage Alert Box ရေးနည်း
၁။ Notepad ကိုပဲဖွင့် (လွယ်လို့ပါ)
၂။ အောက်ပါ code ကိုရိုက်ထည့်ပါ (အနီဝိုင်းထားသောနေရာတွင် ဇော်ဂျီလက်ကွက်ဖြင့် ကြိုက်ရာရိုက်ပါ)








၃။ save as index.html ဆိုပြီ သိမ်း။ Encoding [ unicode] ဆိုပြီးပြောင်းဖို့မမေ့ပါနှင့်







၎။ အောက်ပါပုံပေါ်လျှင် OK

Wednesday, September 29, 2010

အခြေခံ Javascript

Message ရေနည်း

 ၁။ Notepad ကိုဖွင့်
၂။ အောက်ပါ Code ကိုရိုက်ထည့်
၃။ Save As တွင် Index.html ဆိုပြီး Save လုပ်
၎။ Run ကြည့်ပါ။ မရလျှင် Code မှားလို့သာ.......


Tuesday, September 28, 2010

သောတာပန်ကြောင်း



သောတာပန် ကို နားဖြင့်ပန်ဆင်(ကြားနာ) ၍ဖြစ်သော လေးခုမြောက် အောက်ဆုံး တမဂ် တဖိုလ်ရ အရိယာ ဟုဆိုရပေမည်။ မြတ်စွာဘုရားရှင်သည် လေးအသင်္ချေဖြည့်ကျင့်သောပါရမီဖြင့် ဗောဓိပင်ရင်းအောက်တွင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်တော်မူသည့် အချိန်ထိ သံဃာ မပေါ်သေးချေ။ ပဉ္စ၀ဂ္ဂီ ငါးပါးတို့အား ဓမ္မာစင်္ကြာတရားဦးဟောမှသာ သံဃာပေါ်လာပေသည်။ ထိုအချိန်တွင်မှ မြတ်စွာဘုရားသည် ဘုရားဖြစ်ကြောင်း ၀န်ခံပေသည်။ ပထမဦးစွာ အရှင်ကောဏ္ဍည သည် ရဟန်းအဖြစ် မြတ်စွာဘုရားထံတောင်းခံသည်။ အရှင်ကောဏ္ဍညသည်  မြတ်စွာဘုရား၏ တရားအဆုံးတွင် သောတာပန်တည်၏။ ပထမဦးဆုံးသော အရိယာသံဃာသည် အရင်ကောဏ္ဍညဖြစ်သည်။ မြတ်စွာဘုရား မယ်တော်မာယာဝမ်းတွင်း တွင်နေစဉ်ကပင်လျှင် ဘုရားစင်စစ်ဧကန်ဖြစ်ရမည်ဟု နိမိတ်ဖတ်တော်မူသည်။ ရှေးရဟန်းများ၊ လူပုဂ္ဂိုလ်များသည် ခန္ဒာညဏ်လှည့် မြတ်စွာဘုရား တရားတစ်ပုဒ်ဆုံးသည်နှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရတ္တဖိုလ် တည်ကုန်၏။ ပါရမီအားရင့်သန်သူများဖြစ်ပေသည်။ ပါရမီအားနည်းသော အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားနှင့် နီးကပ်စွာ၊ အချိန်ကြာမြင့်စွာနေထိုင်သူဖြစ်သော်လည်းပဲ ထိုစဉ်က ပါရမီညဏ် အားနည်းသူဖြစ်သည့်အတွက် သောပန်နှင့်သာ အနိစ္စရောက်လေသည်။ သောတာပန် ပုဂ္ဂိုလ်သည် တစ်မဂ်တစ်ဖိုလ် ရရှိထားသူဖြစ်ပေသည်။ အပါယ်တံခါးပိတ်သောသူလည်းဖြစ်သည်။ သက္ကာယဒိဌိခေါ် ငါစွဲ အတ္တစွဲ၊ ယုံးမှားသံသယ ကင်းသောသူလည်းဖြစ်ပေသည်။ ခုနှစ်ဘ၀သာ ကျန်သော ပုဂ္ဂိုလ်လည်းဖြစ်ပေသည်။
       ယခုဘ၀ သောတာပန် ဧကန်ဖြစ်နိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာသနာတော် နှစ် ၅၀၀၀ ထားခဲ့ပါ သည်။ ဘာကြောင့်ထားခဲ့သနည်း အရိယာသံဃာများကျန်သေး၍ ဖြစ်ပါသည်။ လူအရိယာ၊ ရဟန်းအရိယာ များကျန်နေသေး၍ နှစ် ၅၀၀၀ ထားခဲ့ခြင်းဖြစ်သည်။ သကြားမင်းသာသနာမဟုတ်ပါ။ သိကြားမင်းက စောင့်လျှောက်သောကြောင့်ပြောဆိုကြခြင်းဖြစ်လိမ့်မည်။ ယခုနှစ် ၅၀၀ သည်ဝိမုတ္တိ သာသနာဖြစ်သည်။ နောင်တွင် ဘုရားရှင်၏ တရားတော်များ ကွယ်ပြောက်သွားနိုင်သည်။ ဘာကြောင့်နည်း.. ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာလျှင် လောကသဘာဝအရ နာမ်ပိုင်းဆိုင်ရာများ ပျောက်ကွယ်မြဲဖြစ်သည်။ အချုပ်ဆိုရသော် ရိပ်သာများတွင် နည်းနာခံ လေးနက်စွာ အားထုတ်ပါက ရုပ်နာမ်မြင်သော ညဏ် (နာမရူပပရိစ္ဆေဒညဏ်)၊ ကြောင်းကျိုးဆင်ခြင်သော ညဏ် (သစ္စယာပရိဂ္ဂဟညဏ်)၊ ကြောင်းကျိုး ဆင်ခြင် ဖြစ်ပျက်မြင်သော (ဥဒ္ဒယဘယညဏ်) ၎င်းညဏ်များသည် ယခုဘ၀တွင်းရနိုင်ပါသေးသည်။ ထိုထက်ထိုးထွင်း ထက်မြက်ပါက တထိုင်းတည်းနဲ့ပင်လျှင် တစ်မဂ်တစ်ဖိုလ်ကစ၍ လေးမဂ်လေးဖိုလ်ထိရနိုင်ပါသည်။ မည်သူမှ ပါရမီ ကိုမမြင်နိုင်ပါ။ ဥဒ္ဒယဘယညဏ် ကိုပိုင်စွာသိလျှင် အားထုတ်ဆဲ(ကျမ်းဂန်များတွင်) စူဠသောတာပန်ဟု ဆိုထားပေသည်။ ထိုသူသည်လည်း သီလလုံခြုံပါက အပါယ်မလားပဲ ရှေးဆက် မဂ်ရနိုင်ပါသည်။ ဆုကြီးပန်ဖြစ်မည်ဆိုပါက ဥဒ္ဒယဘယညဏ် အထက်ဆက်မတက်ပဲ ရှေးဘ၀များတွင်မှာမှ မဂ်ရနိုင်ပါသည်။ မြတ်စွာဘုရား၏ တရားတော်များသည်သိမ်မွေ့နူးညံ့၍ ညဏ်တရားတော်များဖြစ်သည်။       ။
တစ်ခုခုလိုခဲ့သော် ကျွန်တော့်အပစ်သာ (ကျင့်သိဝိပသနာ)
ဗုဒ္ဓဂုဏံ အဟံ ၀န္ဒာမိ ၊ ဓမ္မဂုဏံ အဟံ ၀န္ဒာမိ၊ သံဃ ဂုဏံ အဟံ ၀န္ဒာမိ

Monday, September 27, 2010

မိကျောင်း Crocodile

မိကျောင်း တို့သည် ဥမှအကောင်ပေါက်ခြင်းဖြစ်၍ အမေတစ်ကောင်သည် တစ်ကြိမ် အလုံး ၂၀ ကနေ ၆၀ အထိဥကြပါသည်။ ၆ လအကြာတွင် ၎င်းဥမှ အကောင်ပေါက်ကုန်၏။ သားငယ်လေးများအား မိခင်၏ လည်းဂုတ်ပေါ်မှတင်၍ မိခင်မှထိန်းကျောင်းရ၏။ ထူးခြားချက်မှာ မိကျောင်း၏ အစာချေရည်သည် သံ၊ စတီးစသော မာကြောသော အမာထည်များအားချေဖျက်နိုင်သည်။
အမေရိကန်မိကျောင်း (ပုံကတော့ခပ်မိုက်မိုက်ပဲ)
ရေငံပိုင်းတွင်တွေ့ရသော မိကျောင်း
ဥမှအကောင်ပေါက်ခြင်း (မိကျောင်းလောက သို့ခြေချခြင်း)
...........................................................

ဖွတ် monitor lizard


 မိကျောင်းလိုတွားသွား သတ္တ၀ါမျိုးဖြစ်ပြီး ခပ်ဆင်ဆင်တူသည်။ အမသည် ဥများကို ၂၀ ကျော် အထိ ဥလေ့ရှိပြီး ဥများအား ခြတောင်ဘို့ ကိုဖြို၍ ၎င်းခြတောင်ဘို့ထဲတွင် ဥလေ့ရှိသည်။ ဥမှပေါက်သော သားငယ်များစားရန် အတွက် ရည်ရွယ်၍ ခြတောင်ဘို့ထဲတွင်ဥလေ့ရှိသည်။ ခြများသည်၎င်း လစ်လပ်သောနေရာအား မြေစာသစ် များပြန်လည်ဖြည့်ထားပါက တောမုဆိုးများသည် ထိုနေရာကို ဖွတ်ဥထားသည်ဟု တွက်ဆကြပေသည်။ မြန်မာအယူအဆအရ ဖွတ်သည်မကောင်းသော အကောင်ဟုဆိုကြသည်။
မြန်မာ၊ ထိုင်း တို့တွင်တွေ့ရသောဖွတ်

အနော်က မိကျောင်းနဲ့ အမျိုးတော်တယ် (မြစ်ကတော့မချမ်းသာဘူး)
(ဆိုစကားအရ) ဖွတ်ထွက်မှတောင်ဘို့မှန်းသိတယ်။
နေ့လယ်စာပါ

Saturday, September 25, 2010

ကာတွန်းဆိုဒ်များမှာ........ စုစည်းထားခြင်းဖြစ်ပါသည်။ အားလုံးနိုင်ငံခြား ကာတွန်းများသာ


















Thursday, September 23, 2010


လာသူငယ်ချင်း ရှုခင်းတွေလှတယ်









ကာတွန်း ဆိုဒ်များမှ
Java Script နှင့် HTML တို့တွင်သုံးသော Tag များ
ကျွန်တော် ကိုယ်တိုင် ရိုက်ထားသော ဇယားများ



လမ်းသစ်နဲ့လူ

စက်ခလုတ်နှိပ် လိုက်တဲ့ချိန်
လက်ခုပ်သံတွေအောက်က
ဆိုင်းဘုတ်တစ်ခုမားမာရပ်လို့

+ + + + + + + +

လျှောက်ခဲ့ရတဲ့ခြေထောက်တွေ
တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့
မာစီးဒီးကို မစီး
ဖိနပ်ကြိုးပြတ်တစ်ရံ
ခြေစုံကိုဆန့် ဤလမ်းကိုခြေဗလာ
လျှောက်ခဲ့ရတယ်

+ + + + + + + +

ဥက္ကဌကြီး စကားသံအဆုံးမှာ
ရာထူးတွေတိုးလို့

ဩော်........ခရေပွင့်လေးတွေက
နင်းချေခံဘ၀ပါပဲလား။        ။



Wednesday, September 22, 2010

ပညတ် နဲ့ ပရမတ်




      သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းခုံရင်းရေးဖြစ်တာပါ။ ကျွန်တော်ဓမ္မစာတွေအရင်က ကလောင်တစ်ခုနဲ့ ရေးဖူး ပါတယ်။ ဓမ္မာစရိယ တစ်ယောက်မဟုတ်တဲ့အတွက် သူတို့လောက်တော့ မသိပါဘူး။ ပညတ်အကြောင်း ပရမတ် ကို အသေးစိတ်သိချင်ရင်တော့ ၀ိသုဒ္ဒိမဂ် မြန်မာပြန်စာအုတ်ထဲမှာ ဖတ်နိုင်ပါတယ်။

ပညတ်ဆိုတာ အမှန်တကယ်ရှိတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မရှိသော အရာကိုပညတ်ဟုခ်ါသည်။

ဥပမာ ဇွန်းကို ခတ်စရာလို့ခေါ်လည်းရတယ်။ မွေးကာစ ခလေးတစ်ယောက်ကို မောင်ဘ၊ အသားမဲပါက မောင်မဲ၊ အသားဖြူပါက မောင်ဖြူ ပေးသလို အဲဒါတွေဟာပညတ်တွေပါပဲ။  ဒီထက်ရှင်း အောင်ကျွန်တော် မပြောပြတတ်ပါ။ ပညတ်ပရမတ်ကွဲလျှင် အတ္တ အနတ္တ သေချာသိပါပြီ။ ရုပ်-နာမ်ကွဲပါပြီ။ ရုပ် နာမ်ကွဲ လျှင် နိဗ္ပာန် သို့ရောက်ဖို့မဝေးတော့ပြီ။

ပရမတ်ဆိုတာ  အမှန်တကယ်မရှိဘူးလို့ထင်ရပေမယ့် အမှန်တကယ်ရှိသောအရာကိုခေါ် ပါသည်။

ပရမတ်ကြတော့ မြတ်စွာဘုရားဟော တရားတော်များကို ပိုင်းခြားသိသောအသိပင်ဖြစ်သည်။ နာမ် ရုပ်ကွဲပြားသော ဉာဏ် နာမရူပရိတ္ဆေဒဉာဏ်ကဲ့သိုသော ဉာဏ်၊ ထိုထက်ပိုသိသော ဉာဏ်များကို ကျင့်သိဖြစ်ရရှိ သိရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်သိသော အသိအားရေးထားခြင်းသာဖြစ်ပါသည်
ၦၦႎႎ

Tuesday, September 21, 2010

တစ်ချို့ပုံတွေက ကြာနေပါပြီ - အနော်ကြိုက်လို့တင်တာပါ

သားဆိုးတွေ (နဲနဲပဲသောက်ပါဆို)

ဇကငယ်ငယ်တည်းက


ကျွန်တော်ဟာလေး သွားပါပြီဗျာ (အဲညောင်)