နံနက်ခင်းတစ်ခုအာရုံထွေပြားခြင်းတွေနဲ့နိုးထခဲ့
တေးဆိုတဲ့ငှက်တွေ ၀ိုးတ၀ါးသံဇဉ်တွေနဲ့
မနေ့ညက သူပြောခဲ့တဲ့စကားတွေဟာ ပီသလွန်းတယ်
တစ်ချို့ပြောတော့ ချစ်သူ့စကား ပျားသကာလို ချိုတယ်တဲ့
ကျွန်တော်စိတ်ထဲ တရစပ်ပစ်တဲ့ စက်သနတ် လို့ရယ်ထင်
ပင်ကိုစိတ်ရင်းကောင်းတဲ့သူမို့ နားလည်ပေးခဲ့တာကို
သူအနိုင်ယူစွာ ပစ်ခတ်ခဲ့တယ်လေ
အလှမာန အတ္တမာန်တွေအရေခြုံလို့ရယ်
သူ့ဂုဏ်ဝင့်ခဲ့တယ်လေ
အမှားကိုအမှန်ထင် ဝေခွဲခြင်းကင်းစွာနဲ့
သူဆုံးဖြတ်ချက် ချခဲ့တယ်တဲ့
အဲလိုနဲ့ပေါ့လေ ....... နှလုံးသားစီးချင်းမှာ
ကျွန်တော်ရှုံးနှိပ့် ခဲ့ရတယ်ဗျာ။
ခရမ်းပြာ ညနေခင်းမှာသူလက်ထပ်သွားတယ်။ ။