Subscribe Twitter
Showing posts with label ဆေးမြီးတို. Show all posts
Showing posts with label ဆေးမြီးတို. Show all posts

Monday, February 28, 2011

Garlic ကြက်သွန်ဖြူ နှင့် Onion ကြက်သွန်နီ တို့ဆေးဖက်ဝင်ပုံ

ကြက်သွန်ဖြူ

Google Image
ကြက်သွန်ဖြူကို Allium sativum, ဒါမှမဟုတ် Garlic လို့ခေါ်ပါတယ်။ လူတိုင်းသိနေဒါကြောင့် ကျတော်လည်း ဆေးဖက်ဝင်သည့် အကြောင်းပဲ သိသလောက်ရေးမှာပါ။ ပိုပြီးပြည့်စုံစွာ သိချင်ပါတယ်ဆိုရင်တော့ ဆရာ ဦးခင်မောင်လွင် (fame) ရေးထားတဲ့ စားအုပ်မှာ ဖတ်ပါ။ အောက်ပါဇယားလေး ကတော့ http://en.wikipedia.org/wiki/Garlic ကကူထားတာပါ။

Nutritional value per 100 g (3.5 oz)
Energy 623 kJ (149 kcal)
Carbohydrates 33.06 g
Sugars 1.00g
Dietary fiber 2.1 g
Fat 0.5 g
Protein 6.39 g
beta-carotene 5 μg (0%)
Thiamine (Vit. B1) 0.2 mg (15%)
Riboflavin (Vit. B2) 0.11 mg (7%)
Niacin (Vit. B3) 0.7 mg (5%)
Pantothenic acid (B5) 0.596 mg (12%)
Vitamin B6 1.235 mg (95%)
Folate (Vit. B9) 3 μg (1%)
Vitamin C 31.2 mg (52%)
Calcium 181 mg (18%)
Iron 1.7 mg (14%)
Magnesium 25 mg (7%)
Phosphorus 153 mg (22%)
Potassium 401 mg (9%)
Sodium 17 mg (1%)
Zinc 1.16 mg (12%)
Manganese 1.672 mg
Selenium 14.2 μg

ကြက်သွန်ဖြူကို ဟင်းချက်စားခြင်းက ဒီအတိုင်းစားချင်က ပို၍အာနိသင်ရရှိစေမှာပါ။ ဆေးဖက်ဝင်ပုံကတော့ အစာအိမ် မကောင်းတဲ့သူများအနေဖြင့် (လေချဉ်ခဏခဏတက်သောသူများ) ပျားရည်နဲ့ ရော၍ စားနိုင် ပါတယ်။ လေအောင့်တတ်သူများကတော့ အစိမ်းကို အနည်းငယ်ထုထောင်း၍ ဆားရည်ထဲ စိမ်စား နိုင်ပါတယ်။ ကြော်လှော်ထားသော ကြက်သွန်ဖြူသည် အဟာရဓာတ် အပြည့်အစုံမရရှိနိုင်ပါ။ ဥကြီးနဲ့ ဥသေးတွင် ဥသေးက ပို၍အာနိသင်ရှိပါတယ်။ တစ်နေ့ တစ်ခြမ်းခန့်(ဥသေး) စားသုံးသင့်ပါတယ်။


ကြက်သွန်နီ
http://www.thestrokefoundation.com/images/stories/food/onion.jpg
Google Image
ကြက်သွန်နီလည်းထို့နည်း၎င်းပါပဲ ၊ ကျတော်သိတဲ့ ဆေးနည်းလေး ပြောရရင် တော့ ရုတ်တရက် ဓားထိတာ စတာတွေကို ဥရဲ့ဖင်ပိုင်း အမြစ်ပါတဲ့ ပိုင်းကို လှီးဖြတ်ပြီး အဖြူရောင်အစေးတွေကို သုတ်ပေးခြင်းဖြင့် အနာ မြန်မြန်ကျက် စေပါတယ်။ ခွေးကိုက်ပါက ဆေးထိုးရန် မလွယ်တဲ့ နေရာမှာ ဖြစ်ရင် ကြက်သွန်နီ အစေးကို ကိုက်ခံရတဲ့နေရာပေါ် အကြိမ်များစွာ အစေးဖြင့် သုတ်ပေးပါက အနာသက်သာစေပါတယ်။ ကျတော်ငယ်ငယ်က ထိုနည်းကို အဘိုးပေးခဲ့ပါတယ်။ ငယ်ငယ်က ခွေးကိုက်ခံရလို့ ကိုက်ခဲ့ရတဲ့ အပေါက်ပေါ် ကြက်သွန်နီ အစေး သုံးလေးရက်ခန့် တစ်နေ့ နှစ်ကြိမ်ခန့် ထည့်လိုက်တာ အရောင်လည်းလျော့ နာကျင်တာလည်းမရှိ ပျောက်သွားပါတယ်။ (ဒါပေမယ့်လို့ ဒီနည်းက စိတ်မချရပါ၊ ခွေးကိုက်ခံရပါက ခွေးရူးကာကွယ်ဆေးထိုးခြင်းသာ အကောင်ဆုံးပါ)

Tuesday, February 1, 2011

Honey ပျားရည်၏ အသုံးဝင်ပုံ

http://static.howstuffworks.com/gif/local-honey-for-allergy-3.jpg
Google Image
ပျားရည်၏ ဆေးဘက်ဝင်ပုံကို ကျတော်ဒီနေရာမှာ ရေးပြပါမယ်။ ပြည့်စုံချင်မှပြည့်စုံပါမယ်။ ပျားရည်မှာ အမျိုးအစား များစွာကွဲပြားပါတယ်။ ပျားကောင် သေးသေးလေးရဲ့ ပျားရည်၊ ဆံပင်လိမ်ပျား (ဒီပျားများဟာ သစ်ခေါင်း များတွင် အုံဖွဲ၍ သူတို့နေသော အုံအား စေးကပ်သော သစ်စေးများ ဖြင့် ပိတ်ကာထားသည်၊ ပျားကောင်ကြီးများ မှရသော ပျားရည် စသည်ဖြင့်ကွဲပြားပါသည်။ မွေးမြူထားသော ပျားသည် ပျားကောင် ကြီးများပင် ဖြစ်သည်။ သဘာဝ တောထဲမှ ဖွတ်၍ရသော ပျားရည်သည် ဆေးဘက် အ၀င်ဆုံးပင် ဖြစ်သည်။ ၎င်းပျားရည်ထဲတွင် ဖယောင်းနှင့် ပန်းဝတ်မှုန်များ ပါဝင်သည်။ မွေးမြူထားသော ပျားရည်သည် သကြားဓာတ် လွန်ကဲပါသည်။ ဆေးဘက်ဝင်တာက အစာအိမ် အချဉ်ပေါက်ခြင်း၊ လေချဉ်ခဏခဏတက်ခြင်း၊ နှလုံးခုံရင်တုန်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ များအတွက် အသုံးဝင်ပါသည်။  အားအင်ကုန်ခမ်း မောပန်းခြင်း များကတော့ ပျားရည်ဇွန်း တစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပြန်လည်ပြည့်လာနိုင်ပါသည်။
ပါဝင်ဖွဲ့စည်းပုံကတော့ အောက်ပါဇယားအတိုင်းပါပဲ။





Friday, January 28, 2011

Ginger ဂျင်း၏ အသုံးဝင်ပုံ

http://tpsaye.files.wordpress.com/2009/03/ginger.jpg?w=300&h=230
Google Image
ဂျင်းရဲ့ ဆေးဘက်ဝင်ပုံကို စာစောင်တစ်ခုမှာ ရေးထားတာ တွေ့လိုက်ရပါတယ်။ ထိုစာစောင်တွင် ရေးထားသည်မှာ မပြည့်စုံသေးပါ။ ကျတော် ငယ်ငယ်က ဆိုလျှင် ဂျင်းပြုတ်ရေ တစ်ပတ်တစ်ကြိမ်ခန့် သောက်ရ ပါတယ်။ ကိုယ်လက်နာကျင်လို့ အဖိုး ဖြစ်တဲ့သူက သောက်ခိုင်း လေ့ရှိတယ်။ ဂျင်းကိုပါးပါးလှီးပြီး သကြားနဲ့ ရော၍ ရေဆူအောင်ပြုတ်ပြီး အအေးခံကာ သောက်ပါက ကိုယ်လက်နာကျင် မှုတွေသက်သာ စေပါတယ်။ အကောင်းဆုံး ကတော့ ထန်လျှက်နဲ့ ရော၍ ပြုတ်သောက်ခြင်းပါပဲ။ အမျိုးသမီးတွက် ချည်းသက်သက် မဟုတ်ပါ။ အမျိုးသားများလည်း သောက်နိုင်သော ဆေးတစ်ခွက်ဖြစ်ပါတယ်။ 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpwnaOM6lyWG0klxlS1QHYZwWgpADKDXW7T1J1yOh5QdwyS5Rij44yCv-WSqCsDHVOkoOKa1BMIAn70Xl1O29DbwwQxehm4lE1xUY2bdUCk-m3bzkC8YkGWbN5qIag47UyVYLCn3EUCxW/s400/ginger+plants.JPG
Google Image
ဆာမိတို့ နိုင်ငံမှာဆိုလျှင် ဂျင်ဂျာတီး ဆိုပြီး ရောင်းကြပါတယ်။ ဂျင်းကို အစိမ်းစားခြင်းက ပြုတ်သောက်ခြင်းထက်ကောင်းပါတယ်။ အစိမ်းသုတ်စားလို ပါက ပါးပါးလှီးပြီး ဆားနဲ့နယ်ပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် ၎င်းဆားများအား ဆေးထုတ်၍ သုတ်စားနိုင်ပါတယ်။ အိုစိမ်ထားတဲ့ ဂျင်းကိုသုတ်စားပါက ခဲဆိပ့် များပါဝင်နိုင်ပါတယ်။ အကောင်းဆုံးအကြံပေးရင် မိမိကိုယ်တိုင် လတ်လတ်ဆတ် ဆတ်ဂျင်းကို ပါးပါးလှီး သုတ်စားတာအကောင်းဆုံးပါလို့ ပြောလိုက်ပါရစေ။

Monday, December 20, 2010

ရှောက်ခါးသီး ( citron )

File:Citrus medicus fruit.jpg
Google Image 
http://citrusart.co.uk/images//FinCitron1.jpg ရှောက်ခါးသီးကိုတော့ မြင်ရခဲပါတယ်။ ရှားလည်းရှားပါတယ်။ အသုံးဝင်တာ ကတော့ လေရောဂါသမားများ အတွက်ပဲဖြစ်ပါတယ်။ လေစဖြတ်ကာစသူများ ၎င်းရှောက်ခါးသီး အလုံးလိုက်နှင့် အရက်ဦးရေရော စိမ်ထားသော ဆေးအား လိမ်းပါက အဖြစ်နည်းလျှင် ပြန်ကောင်းနိုင်ပါတယ်။ (ပုံမှာအရောင်ပြောင်း နေတယ်-အမှန်ကအစိမ်းပုတ်ရောင် ရှိပါတယ်) စိုက်ရတာလည်း ခက်ခဲပါတယ်။ အသီးကတော့ လိမ္မော်သီးလောက်ပဲရှိပါတယ်။ အတွင်းကအသားက သာမန် ရှောက်သီးထက် အခါးအရသာအနဲငယ်ပိုပါတယ်။ အသုံးဝင်တာက အပြင်ခွံပါ။ အနံ့စူးရှ၍ စားမိပါက လျှာအားထူပူသွားစေပါလိမ့်မယ်။ တခါတလေ ၃၇-၃၈ လမ်း၊ ဒါမှမဟုတ် ဘိုကလေးဈေးမှာ တွေ့နိုင်ပါတယ်။ အပင်ကိုတော့ ကရင် ပြည်နယ်ဘက်မှာ အများဆုံးတွေ့ရပါတယ်။ ကိုယ်လက်ထုံကြင် ပါက ၎င်းရှောက်ခါးသီးဖြင့် ပွတ်ပေးက ပြောင်းကင်း နိုင်ပါကြောင်း....... ရေးသားလိုက်ပါသည်။ (ကိုယ်တိုင်ရေး.......)

ကွမ်းရွက် ( Betel Leaf )

http://thebest-healthy-foods.com/wp-content/uploads/2010/10/betel_leaves.jpg
Photo: Google Image

လူတိုင်းသိတဲ့ကွမ်းရွက် ကွမ်းရွက်အကြောင်းဆိုတော့ ဒီဘလော့ရေးတဲ့သူကြောင်တယ် ထင်ကြမှာပါ။ ကွမ်းရွက်ကိုလူတိုင်း သိတယ်ဒါပေမယ့် အသုံးဝင်ပုံတွေမသိကြပါဘူး။ ကွမ်းရွက်မှာ Aspirin ပါလို့ ခေါင်းကိုက်၊ အဆစ်အမြစ် ကိုက်တာတွေ ကောင်းစေပါတယ်။ Aspirin ပါတဲ့ Paracetamol သောက်မည့်အစား အလွယ်ရပါက ကွမ်းရွက် သုံးရွက်၊ လေးရွက်ခန့် ပြုတ်သောက်ပါက ခေါင်းကိုက်၊ အဆစ်ကိုက် တာတွေ ကောင်းစေပါတယ်။

Paracetamol ဟာသောက်တာများပါက အသက်အရွယ် ကြီးသော အခါ ခါးနာခါးကိုက် ဝေဒနာခံစားရတတ်ပါတယ်။ ဘေးထွက်ဆိုးကြိုးတွေပေါ့။ ကွမ်းရွက်မှာ ဘာဥပဒ်မှ မရှိပါ။ သိုသော် တန်ဆေး၊ လွန်ဘေး။ ကိုယ်ပူ၊ ချောင်းဆိုးပါက ပြုတ်၍သောက်နိုင်ပါသည်။ ကွမ်းရွက်ပြုတ်ရည်ဖြင့် ရေချိုးပါက (တစ်ခါတစ်ရံ) အပူငုတ်(အပူလျှပ်)ခြင်းများကောင်းစေပါသည်။ ညစဉ်အိပ်ရာဝင်ချိန်တွင် မျက်ခွံပေါ်ကပ်ပါက အခိုးအငွေ့များထွက်စေ၍ နံနက်လင်းသော် မျက်စိကြည် လင်စေပါသည်။ သွားကိုက်ပါက ကွမ်းရွက် ဆားအနဲငယ်ထည့်ပြုတ်၍ ငုံထွေးလျှင် ခဏတာသက်သာ စေပါသည်။

Thursday, December 9, 2010

နှင်းခူ Eczema နှင့် ရေယုန် herpes အတွက်ဆေးတစ်လက်

 လွန်ခဲ့တဲ့ ရက်က ကျွန်တော်နဲ့ခင်မင်သော စင်ကာပူတွင် အလုပ်လာရောက်လုပ်ကိုင်(ကားမောင်း) နေသော ညီတစ်ယောက်မှမေးလာ၍ရေးသားခြင်းဖြစ်ပါသည်။ နှင်းခူ ဒါမှမဟုတ်ခူနာ (အရေပြားယားနာ) ၎င်းအတွက် နဲ့ ရေယုန် ယားနာအတွက် ကျွန်တော်ဆေးနည်းတစ်ခု ဒီဘလော့ကနေ ပေးလိုက်မယ်။ နှင်းခူကဘယ်လို ပုံစံလည်းဆိုတော့ ၀ဲခြောက်လို့ပုံစံ၊ အဲလိုခပ်ဆင်ဆင် တူပါတယ်။ သူကအရည် အမြဲစိုမနေပါ။ ခြောက်လျှက် တစ်ခါတစ်ရံသာ ယားယံတတ်ပါတယ်။ ချွေးထိ၍သော် လည်းကောင်း ယားတတ်ပါတယ်။ အဲဒီအတွက်ဆေးနည်းကတော့ .....
(၁) ထုံး (မဖောက်ထုံး)
(၂) သင်္ဘောရွက်အထီးပြာ (ကျွတ်နေလျှင်လုံလောက်ပါတယ်)
      သင်္ဘောပင်သည် အထီးဆိုအသီးမသီးပါ။ (လူကျတော့အထီးကအသီးလေးနဲ့)
(၃) ရေနံချေး (အိမ်သုတ်ရေနံချေး)
(၄) ဆေးပြင်းလိပ်တို
၎င်းလေးမျိုးကို ဆတူရော၍ သမအောင် ထောင်းပါ။ ပြီးလျှင်အနည်းငယ် အနာဖြစ်သော နေရာအားလိမ်းပါ။ (ထုံးအနဲငယ်လျှောထည့်နိုင်သည်၊ ထုံးသည် လှိုက်၍စားတတ်ပါသည်) မြွေနှစ်ကောင် ပွေးဆေးထက် သာပါတယ်။

ရေယုန်အတွက်

ကင်းပုံရွက်အား ရေစင်အောင်ဆေး၍ ဖြစ်သောနေရာတွင်တစ်နေ့ (၄) ကြိမ်ခန့်ပွတ်ပေးပါ။ ဘယ်တော့ မှပြန်မဖြစ်တော့ပါ။ အရွက်ပုံစံကတော့ ခပ်ထူထူ မျက်နှာပြင်ချောမွှေ ပါတယ်။ အစိမ်းရင့်ရောင်ရှိပါတယ်။ (အရွက်နမူနာရှာသော်လည်းမတွေ့ပါ)