Subscribe Twitter
Showing posts with label အညတရ ဒဿန. Show all posts
Showing posts with label အညတရ ဒဿန. Show all posts

Wednesday, May 4, 2011

ဆက်ရက်(ဇယက်)များနှင့် စကားပြောခြင်း

တစ်နေ့ ကျတော်ဟာ ကွင်းပြင်တစ်ခုဘေးတွင် ထိုင်လျှက် ဟိုအကြောင်း၊ ဒီအကြောင်းများ တွေးနေစဉ်အတွင်း ရုတ်တရက်ကျတော်၏ အနားသို့ ဆက်ရက် တစ်ကောင် ရောက်လာခဲ့၏။

ကျတော်။         ကျလိ...ကျလိ။
ဆက်ရက်။     ဟာခင်ဗျားကလည်း........ကျတော်ဘာသာ စကားပြောတတ်သားပဲ။
ကျတော်။         ဒါလွယ်လွယ်လေးပါ။ မောင်ရင်တို့ စကားက E လောက် ဝေါဟာရမကြွယ်ပါဘူး။
ဆက်ရက်။     "တီး" ဆိုတာဘာလဲ။
ကျတော်။         "တီး" မဟုတ်ပါဘူး။ "အီး"ပါ။
ဆက်ရက်။      ကျတော်ကငှက်ဆိုတော့ လျှာသေးတယ်၊ ပြီးတော့ဆိုလည်းတိုတယ်။ အဲတော့ စကားဘယ်ပီမလဲ...ကျလိကျလိ။
ကျတော်။          မောင်ရင်တို့ ဆက်ရက်တွေက ဒီနားစား၊ ဒီနားအီးပါနဲ့ စည်းကမ်းမရှိဘူး။ ပြီးတော့ကိုယ်အီးပုံ ကိုယ်ပြန်နင်း။
ဆက်ရက်။       ဒါက ကမ်းထရီးစတိုင်၊ ဘာမှပူပင်စရာမလိုဘူး၊ ကျတော်တို့ ငှက်တွေက ဘောင်းဘီတို့ အင်္ကျီတို့ ၀တ်စရာမလိုဘူးလေ။ ရှက်စရာလည်းမရှိဘူး။ ဒါဟာသဘာဝပဲ။
ထိုသို့ ကျတော်နှင့် ထိုဆက်ယက်တို့ စကားပြောနေစဉ် နောက်ထက် နှစ်ကောင်ထပ်ရောက် ဘာပြန်သည်။ ထိုနှစ်ကောင်ထဲမှ တစ်ကောင်သည် ဦးခေါင်းထိပ်ပိုင်းတွင် အမွှေးအနဲငယ်သာ ရှိသည်။ ကျန်တစ်ကောင်မှာ အရောင်မှာအနဲငယ်မီးခိုးရောင်သမ်း၍ ဂျိုးနှင့် ခပ်ဆင်ဆင် တူလေသည်။
ကျတော်။             ဟ...ဟိုကောင်ကဘာဖြစ်တာလဲ၊ ခေါင်းပြောင်နေတယ်။
ဆက်ရက်။         ဒီကောင်လား.......ငှက် ဘယ်ကဆင်းသက်လာတာလဲ အမြဲစဉ်းစားနေတာ။ ခင်ဗျားတို့ လူတွေပြောပြောနေတဲ့ လူဘယ်ကဆင်းသက် လာသလဲဆိုတာလို၊ ခုသူလည်း ငှက်ဘယ်ကဆင်းသက်လာသလဲ Evolution of bird ကိုစဉ်းစားနေတာနဲ့ ခေါင်းပြောင် နေတာပါ။
ကျတော်။           မင်းတို့မှာရည်းစား တို့၊ မိန်းမတို့ မရှိဘူးလား။
ဆက်ရက်(ဂျိုးနှင့်တူသောကောင်)။           ရှိတာပေါ့၊ ဒါပေမယ့်ဗျာ.....ဆစ်လင်တစ်မယား မဟုတ်ဘူးဗျ။ ဒီနေ့ ရှာမကျွေးနိုင်ရင်နောက်နေ့ သူများနောက်ပါသွားပြီး...ကျလိကျလိ။ သူချင်းတောင် ရှိတယ်။ ဟိုလူဆိုထားတာလေ။ ခင်ဗျားသိမှာပေါ့။ "နောက်ကောင်... ရင်မှာ...ပျော်နိုင်မှာပါ...ငါ့နားမလာနဲ့တော့...ခုလိုပြောတာမချစ်လို့မဟုတ်ဘူးနော်..." အဲဒီသီချင်းလေ။
ကျတော်။        မင်းကဒါလည်းရတာပဲလား။
ဆက်ရက်(ဂျိုးနှင့်တူသောကောင်)။        လူတွေဆိုဆိုတာကြားဖူးတာပဲ...ကျလိလိ..ကျစ်။
ကျတော်။       မင်းကဂျိုးနဲ့တူပါလား။
ဆက်ရက်(ဂျိုးနှင့်တူသောကောင်)။       အင်းဟုတ်တယ်...ဒါကြောင့်..ကျတော့်လို ကောင်ကြောင့် ငှက်မသိ ဆက်ရက်ဂျိုးထင်၊ အချက်မသိသမက်သူခိုးထင် ဆိုတာပေါ်လာ တာပေါ့...ကျလိကျလိ။
ထိုနေ့တွင် ကျတော်ဟာ ထိုငှက်များနှင့် အချိန်တော်တော်လေး ကြာအောင် စကားပြော နေခဲ့သည်။ ထိုငှက်များ ပြန်သွားလေမှ ထိုင်တဲ့နေရာမှထ၍ ၀မ်းရေးအတွက် ပြင်ဆင်ရလေတော့သည်။

Wednesday, January 26, 2011

ဖတ်ခဲ့ဘူးသော ပုံပြင်လေးတစ်ပုဒ်

ကြားဖူးကြမှာပါ။ အသစ် အဆန်းတစ်ခုခုကို ရရှိပါက ဘယ်လို အသုံးအသုံးချမည်ကို မသိသူများအား မျောက်အုံးသီး ရတဲ့သူလို့ ပြောတတ် ကြပါတယ်။ ဖတ်ခဲ့ဘူးတဲ့ ဇာတ်လမ်းပုံပြင်က ဒီလိုပါ။
တစ်ခါတုန်းကပေါ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကိုရင်ကြီးတစ်ပါးရယ်၊ ကျောင်းသား တစ်ယောက်ရယ်၊ မျောက်တစ်ကောင်ရယ်ဟာ လှေကားတစ်ထစ်စီမှာ ထိုင်နေကြသတဲ့။ ဘုန်းကြီးကျောင်းဝင်းဆိုတော့ ပိန္နဲပင်၊ စုံပဒတ်ပင်၊ အုန်းပင်စတဲ့သီးပင်တွေရှိမှာပေါ့။ အဲဒီ တစ်ချိန်မှာ အုန်းသီးတစ်လုံးဟာ ကြွေကျသတဲ့။ အောက်ဆုံး အဆင့်လှေခါးမှာ ထိုင်နေတဲ့ မျောက်က အရင်ဆုံးပြေးသွားပြီး ကြွေကျတဲ့ အုံးသီးကိုသွားကောက်သတဲ့၊ ပြီးဘာလုပ်ရမှန်း မသိလို့ ခေါင်းနဲ့တိုက်လိုက်၊ မြေကြီးပေါ်မှာချလိုက်၊ ကြိမ်ဖန်များစွာ လုပ်နေသတဲ့၊ နောက်တော့ ကျောင်းသားကမနေနိုင်လို့ ထိုမျောက်ဆီကနေ လုယူ၍ ဓါးမနှင့် အုန်းခွံများကိုခွာ၍ ကိုက်စားသတဲ့လေ။ အခွံခွာလိုက် ကိုက်စားလိုက် ပစ်လိုက် လုပ်နေလိုက်တာနောက်ဆုံး အခွံများပြောင်သွား၍ အတွင်းအုန်းသီးဆံကိုသွားတွေ့တော့ "ဟင်း အုန်းသီးဆိုတာ ဘာများလဲမှတ်တယ်... အသားက ဖန်တွတွနဲ့ အစေ့ကလည်း အကြီးကြီးပဲ" ဟုဆိုပြီးလွင့်ပစ်လိုက်သတဲ့။ အဲဒီနောက်တော့ ကိုရင်ကြီးက "သြော်ငမိုက်သားတွေ" ဟုရေရွတ်ရင်း ကျောင်းသားလွင့်ပစ်ထားသော အုန်းသီးအား သွားကောက်၍ ခွဲစားလိုက်လေသတဲ့လေ။ (အောက်ပဗီဒီယိုလေးကိုကြည့်ပေါ့...မျောက်အုံးသီးရတယ်ဆိုတာ ဒီမျောက်ကတော့ စားရကောင်းမှန်းတော့ သိပုံရပါတယ်။)

Monday, January 24, 2011

ကျီးကန်းတစ်ကောင်နှင့် စကားပြောခြင်း


အားလပ်ရက်တစ်နေ့ ကျတော်ဟာ အပြင်ထွက် လမ်းသလားရန် အတွက် Nursery ရှေ့ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် ဘတ်စ်ကားအလာကို စောင့်မျှောက်လျှက်ရှိနေသည်။ ထိုစဉ် နောက်ဘက်ဆီမှ "ချွတ်ချွတ်' ဆိုသော အသံတစ်ခုလာ၍ လှည့်ကြည့်လိုက်ရာ ကျီးကန်း တစ်ကောင် သည်မည်သူစည်းကမ်းမဲ့ လွှင့်ပစ် ထားသည် မသိသော စားကြွင်း စားကျန် ကြက်ရိုးအား ခြေဖြင့်နင်းကာ နှုတ်သီးဖြင့် ပေါက်ကာစားနေ လေသည်။ ကျတော်နှင့် ထိုကျီးကန်းမှာ ဆယ်ပေလောက်သာ ကွာပါသည်။ ကျတော်ကပဲစတင်၍ "အာ...အာ" ဟုနှုတ်ဆက်စကားဆိုလိုက်လေသည်။
ကျီးကန်းမှ အံ့အားသင့်စွာ ကျတော်အားလှည့်ကြည့်လျှက်
ကျီးကန်း။               ဟာခင်ဗျားက ကျုပ်တို့ဘာသာစကားနားလည်လား။
ကျတော်။               ငါလား....တရုတ်၊ မလေး၊ အင်္ဂလိပ်၊ အနဲငယ်စီနဲ့ ကျီးကန်း၊ ချိုး၊ ကြောင်၊ ခွေး၊ ကြက်၊ စတဲ့ မာဃဓ ဘာသာစကားလည်းနဲနဲရပါတယ်။ ဒါတွေကသင်ထားရတယ်ကွ။ လောကကြီးမှာ ဒါတွေလိုအပ်တယ်။ ဒါနဲ့....မောင်ရင်က တစ်ကောင်တည်းပါလား။

ကျီးကန်း။               ဟုတ်တယ်ခင်ဗျ....ကျုပ်တစ်ကောင်တည်းပါ။ ကျန်တဲ့ကောင်တွေက မြစ်ဆိပ်ဘက်မှာ ငါးသွားဖမ်းစားကြတယ်။  ...၀မ်းရေးမလွယ်ပါဘူး။ ကျီးလန့်စာ စားပါပဲမဟုတ်လား။ စင်ကာပူက ကျုပ်တို့ ကျီးတွေကို သေနပ်နဲ့ ပစ်သတ်ကြတယ်ဗျာ။ ကျုပ်တို့ဘာများလုပ်မိလို့လဲ။ ကျီးသားချင်းစာနာ ထောက်ထား မှုမရှိလိုက်တာဗျာ။

ကျတော်။               အင်းဗျာ....ခက်တာပဲ။ မောင်ရင်တို့က အပုပ်အစပ် စားတဲ့ကောင်တွေဆိုတော့ မကြိုက်ဘူး နေမှာပေါ့။ နောက်ပြီး မောင်ရင်တို့က "အား...အား" လို့အော်တာ လဘ်ပိတ်တယ်လို့လည်း ပြောသံကြားဖူးတယ်။ မောင်ရင်တို့ "အား...အား...အစား.... ပါး...ပါး"လို့ပြောင်းအော်ကြည့်ပါလား၊ အဲဒိဆို သူတို့လက်ခံမယ်ထင်တယ်။

ကျီးကန်း။                   လွယ်ပါဘူးဗျာ.....ကျုပ်တို့ကမွေးကတည်းက "အား...အား" လို့အော်လာတာ။ ခင်ဗျား တို့ကြတော့ ကျုပ်တို့အော်ရင် ဧည့်လာတယ်ဆို အယူရှိတယ်မဟုတ်လား။ ခင်ဗျားတို့နိုင်ငံမှာပဲ ပျော်တယ်ဗျား။ ထန်းပင်တွေလည်းပေါမှပေါ။ ကျုပ်တို့အကြိုက်လေ...ထန်းပင်က။ ထန်းသီးပေါ် တက်နင်း လိုက်ရင် ထန်းသီးကြွေသွားတာကို...ခင်ဗျာတို့က ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့တောင် ဆိုကြတယ် မဟုတ်လား။ ကျုပ်တို့ကျီးတွေကို စကားထဲထည့်သုံးကြတယ်လေ၊ ကျုပ်တို့ဝမ်းသာတယ်။ ၀မ်းသာလို့အော် လိုက်အုံးမယ် "အား...အား"။

ကျတော်။                  တော်တော်လာတဲ့ကျီးပါလား....မောင်ရင်က ကျောင်းမနေဘူးလား။

ကျီးကန်း။                ကျုပ်ကတောမှာမွေးတာ၊ အမေက ကျုပ်ငယ်ငယ်ကတည်းဆုံးသွားတာ၊ ကျုပ်ကစာ မတတ်ဘူး၊ စကားပဲပြောတတ်တယ်။ ကျီးတက္ကသိုလ်လည်းမတက်ဘူးဗျ။ လမ်းဘေးက ကောင်တွေနဲ့ ပေါင်းပြီးကျုပ် လူဖြစ်လာတာ၊ ဒါကြောင့်ကျုပ် လူတွေအကြောင်းနဲ့ ကျီးတွေအကြောင်း ကောင်းကောင်း သိတာ။

ကျတော်။                မောင်ရင်တို့ ကျီးတွေက တစ်ကောင်နဲ့တစ်ကောင်ဘယ်လို ဆက်သွယ်လဲ။ ငါတို့ကတော့ အင်တာနက် စာမျက်နှာ တွေကနေ G-talk တို့ Facebook တို့ကနေဆက်သွယ်ကြတယ်ကွ။

ကျီးကန်း။                  ကျုပ်တို့မှာ လည်း ကျီး-Talk ရှိတယ်လေ။ တစ်ကောင်နဲ့တစ်ကောင် အား...အား လို့အော် လိုက်ရင် သူတို့သိပြီး။ ဟို ဥသြ ဆိုတဲ့ ကောင်တွေကလည်း အရောင်တူတယ်မဟုတ်လား။
ကျတော်။                အင်းသိပြီး.......Face to Face ပေါ့။
ကျီးကန်း။                ဟုတ်တယ်...ဟုတ်တယ်။
ကျီးကန်းမှ ကျတော်ပြောသော စကားအား သံယောင်ဖမ်းလိုက်ပြောလေသည်။
ကျီးကန်း။               ခင်ဗျားတို့ပြောပြောနေတဲ့ ကျီးကန်းတောင်းမှောက် ဆိုတာမှားနေတယ်။ အဲဒါလေး ပြန်ပြင်ကြပါလား။ ကျုပ်တို့ကျီးကန်းတွေက တောင်းတစ်လုံးလုံးကို တစ်ကောင်တည်း မမှောက်နိုင်ပါဘူး။
ကျတော်။                ဒါတော့ငါမသိဘူး။ ကျီးကန်းတောင်းမှောက် ဆိုတာ မျက်လုံးဂဏာ မငြိမ်ပဲ ဟိုကြည့် သည်ကြည့် လုပ်တာကိုဆိုလိုတာပါမောင်ရင်ရ။
ကျီးကန်း။                အော်...သိပါဘူးအာ....။
http://www.nps.gov/prsf/naturescience/images/crow.jpg
ထိုစဉ် ကျတော်စီးလိုသော ကားကြီးမှာ လှမ်းမြင်ရပြီဖြစ်၍....ထိုတောကျီးကန်းအား နှုတ်ဆက်ကာ ကားပေါ်သို့လှမ်းတက်၍ ထိုမှတ်တိုင်မှ ထွက်ခဲ့လေတော့သည်။