Subscribe Twitter

Friday, October 1, 2010

အခြေခံ Javascript 3 ( For Blogger )

Navbar အား ဖျောက်ခြင်း Hack လုပ်ခြင်း

၁။ Template အား Fulldownload လုပ်ထားပါ
၂။ Expand widget Template အား အမှန်ခြစ်ခဲ့ပါ
၃။ အောက်ပါ ခရမ်းရောင်ကုဒ် အားကော်ပီကူး ပြီးပြထားသောနေရာတွင်ထည့်ပါ။
၎။ ၎င်းခရမ်းရောင်နေရာအားရှာပါ။
၅။ ပြီးလျှင် Template အား Save လုပ်ပါ။ ပေါ်နေသေးလား ပေါ်နေသေးလျှင်ဒီကုဒ်နဲ့အဆင်မပြေဘူး
    နောက်တစ်မျိုးပေါ့

အပြင်ရောက်ခဲ့သော်

Thursday, September 30, 2010

အခြေခံ Javascript 2

Massage Alert Box ရေးနည်း
၁။ Notepad ကိုပဲဖွင့် (လွယ်လို့ပါ)
၂။ အောက်ပါ code ကိုရိုက်ထည့်ပါ (အနီဝိုင်းထားသောနေရာတွင် ဇော်ဂျီလက်ကွက်ဖြင့် ကြိုက်ရာရိုက်ပါ)








၃။ save as index.html ဆိုပြီ သိမ်း။ Encoding [ unicode] ဆိုပြီးပြောင်းဖို့မမေ့ပါနှင့်







၎။ အောက်ပါပုံပေါ်လျှင် OK

Wednesday, September 29, 2010

အခြေခံ Javascript

Message ရေနည်း

 ၁။ Notepad ကိုဖွင့်
၂။ အောက်ပါ Code ကိုရိုက်ထည့်
၃။ Save As တွင် Index.html ဆိုပြီး Save လုပ်
၎။ Run ကြည့်ပါ။ မရလျှင် Code မှားလို့သာ.......


Tuesday, September 28, 2010

သောတာပန်ကြောင်း



သောတာပန် ကို နားဖြင့်ပန်ဆင်(ကြားနာ) ၍ဖြစ်သော လေးခုမြောက် အောက်ဆုံး တမဂ် တဖိုလ်ရ အရိယာ ဟုဆိုရပေမည်။ မြတ်စွာဘုရားရှင်သည် လေးအသင်္ချေဖြည့်ကျင့်သောပါရမီဖြင့် ဗောဓိပင်ရင်းအောက်တွင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်တော်မူသည့် အချိန်ထိ သံဃာ မပေါ်သေးချေ။ ပဉ္စ၀ဂ္ဂီ ငါးပါးတို့အား ဓမ္မာစင်္ကြာတရားဦးဟောမှသာ သံဃာပေါ်လာပေသည်။ ထိုအချိန်တွင်မှ မြတ်စွာဘုရားသည် ဘုရားဖြစ်ကြောင်း ၀န်ခံပေသည်။ ပထမဦးစွာ အရှင်ကောဏ္ဍည သည် ရဟန်းအဖြစ် မြတ်စွာဘုရားထံတောင်းခံသည်။ အရှင်ကောဏ္ဍညသည်  မြတ်စွာဘုရား၏ တရားအဆုံးတွင် သောတာပန်တည်၏။ ပထမဦးဆုံးသော အရိယာသံဃာသည် အရင်ကောဏ္ဍညဖြစ်သည်။ မြတ်စွာဘုရား မယ်တော်မာယာဝမ်းတွင်း တွင်နေစဉ်ကပင်လျှင် ဘုရားစင်စစ်ဧကန်ဖြစ်ရမည်ဟု နိမိတ်ဖတ်တော်မူသည်။ ရှေးရဟန်းများ၊ လူပုဂ္ဂိုလ်များသည် ခန္ဒာညဏ်လှည့် မြတ်စွာဘုရား တရားတစ်ပုဒ်ဆုံးသည်နှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရတ္တဖိုလ် တည်ကုန်၏။ ပါရမီအားရင့်သန်သူများဖြစ်ပေသည်။ ပါရမီအားနည်းသော အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားနှင့် နီးကပ်စွာ၊ အချိန်ကြာမြင့်စွာနေထိုင်သူဖြစ်သော်လည်းပဲ ထိုစဉ်က ပါရမီညဏ် အားနည်းသူဖြစ်သည့်အတွက် သောပန်နှင့်သာ အနိစ္စရောက်လေသည်။ သောတာပန် ပုဂ္ဂိုလ်သည် တစ်မဂ်တစ်ဖိုလ် ရရှိထားသူဖြစ်ပေသည်။ အပါယ်တံခါးပိတ်သောသူလည်းဖြစ်သည်။ သက္ကာယဒိဌိခေါ် ငါစွဲ အတ္တစွဲ၊ ယုံးမှားသံသယ ကင်းသောသူလည်းဖြစ်ပေသည်။ ခုနှစ်ဘ၀သာ ကျန်သော ပုဂ္ဂိုလ်လည်းဖြစ်ပေသည်။
       ယခုဘ၀ သောတာပန် ဧကန်ဖြစ်နိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာသနာတော် နှစ် ၅၀၀၀ ထားခဲ့ပါ သည်။ ဘာကြောင့်ထားခဲ့သနည်း အရိယာသံဃာများကျန်သေး၍ ဖြစ်ပါသည်။ လူအရိယာ၊ ရဟန်းအရိယာ များကျန်နေသေး၍ နှစ် ၅၀၀၀ ထားခဲ့ခြင်းဖြစ်သည်။ သကြားမင်းသာသနာမဟုတ်ပါ။ သိကြားမင်းက စောင့်လျှောက်သောကြောင့်ပြောဆိုကြခြင်းဖြစ်လိမ့်မည်။ ယခုနှစ် ၅၀၀ သည်ဝိမုတ္တိ သာသနာဖြစ်သည်။ နောင်တွင် ဘုရားရှင်၏ တရားတော်များ ကွယ်ပြောက်သွားနိုင်သည်။ ဘာကြောင့်နည်း.. ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာလျှင် လောကသဘာဝအရ နာမ်ပိုင်းဆိုင်ရာများ ပျောက်ကွယ်မြဲဖြစ်သည်။ အချုပ်ဆိုရသော် ရိပ်သာများတွင် နည်းနာခံ လေးနက်စွာ အားထုတ်ပါက ရုပ်နာမ်မြင်သော ညဏ် (နာမရူပပရိစ္ဆေဒညဏ်)၊ ကြောင်းကျိုးဆင်ခြင်သော ညဏ် (သစ္စယာပရိဂ္ဂဟညဏ်)၊ ကြောင်းကျိုး ဆင်ခြင် ဖြစ်ပျက်မြင်သော (ဥဒ္ဒယဘယညဏ်) ၎င်းညဏ်များသည် ယခုဘ၀တွင်းရနိုင်ပါသေးသည်။ ထိုထက်ထိုးထွင်း ထက်မြက်ပါက တထိုင်းတည်းနဲ့ပင်လျှင် တစ်မဂ်တစ်ဖိုလ်ကစ၍ လေးမဂ်လေးဖိုလ်ထိရနိုင်ပါသည်။ မည်သူမှ ပါရမီ ကိုမမြင်နိုင်ပါ။ ဥဒ္ဒယဘယညဏ် ကိုပိုင်စွာသိလျှင် အားထုတ်ဆဲ(ကျမ်းဂန်များတွင်) စူဠသောတာပန်ဟု ဆိုထားပေသည်။ ထိုသူသည်လည်း သီလလုံခြုံပါက အပါယ်မလားပဲ ရှေးဆက် မဂ်ရနိုင်ပါသည်။ ဆုကြီးပန်ဖြစ်မည်ဆိုပါက ဥဒ္ဒယဘယညဏ် အထက်ဆက်မတက်ပဲ ရှေးဘ၀များတွင်မှာမှ မဂ်ရနိုင်ပါသည်။ မြတ်စွာဘုရား၏ တရားတော်များသည်သိမ်မွေ့နူးညံ့၍ ညဏ်တရားတော်များဖြစ်သည်။       ။
တစ်ခုခုလိုခဲ့သော် ကျွန်တော့်အပစ်သာ (ကျင့်သိဝိပသနာ)
ဗုဒ္ဓဂုဏံ အဟံ ၀န္ဒာမိ ၊ ဓမ္မဂုဏံ အဟံ ၀န္ဒာမိ၊ သံဃ ဂုဏံ အဟံ ၀န္ဒာမိ