Subscribe Twitter

Wednesday, December 15, 2010

ပုသိမ်ကြီး ရှင်ဝိစိတ္တသာရ ၏ လူမှုရေးရာသိတတ်ပါ

- နေ့ညချင့်နှိုင်း၊ ကာလပိုင်း၊ ပျော်တိုင်းမအိပ်နဲ့။

- အရေးချင့်နှိုင်း၊ ခြားနားပိုင်း၊ သိတိုင်းမပြောနဲ့။


- ဆင်ခြင်တွေးတော၊ လူ့သဘော၊ ပြောတိုင်းမယုံနဲ့။


- လျှို့ဝှက်သင့်ငြား၊ သူတစ်ပါး၊ အားလုံးမပုံနဲ့။

- သူတစ်ပါးကို၊ အမျက်သို၊ ပြင်ကိုမထွက်နဲ့။


- စကားပြောဆို၊ မှန်ကင်းလို၊ ကိုယ်ကိုမမြှောက်နဲ့။


- သူများချီးမြှောက်၊ စိတ်ကြီးရောက်၊ မမြောက်မကြွနဲ့။


- အာရုံငါးဖြာ၊ သွေးဆောင်ရာ၊ အာသာမမက်နဲ့။


- အကျင့်မမှား၊ စည်းဆိုထား၊ တရားမလွန်နဲ့။


- အရမ်းမော်ကား၊ နှုတ်ထွက်ကြွား၊ စကားမကျွံနဲ့။

Tuesday, December 14, 2010

ကဖင်း Caffeine

http://www.britannica.com.sg/article_images/10414.jpg
Kola nut (photo: Google image)
ကဖင်း (caffeine) ကို နောက် ထပ် Caffein လို့လည်း ခေါ်ပါသေးတယ်။ လူတွေ အတက် လိုအပ်ပါတယ်။ မရှိမဖြစ်လိုလား ဆိုတော့ လည်း မလိုပါဘူး။  လူတစ် ယောက်မှာ တစ်နေ့ ကဖင်း ဓာတ် 300 milligrams ထက်ပို မယ်ဆိုရင် မလိုလား အပ်တဲ့ ဆိုးကြိုးတွေ ခံစားရမှာ ဖြစ်ပါတယ်။ ည အိပ်ခါးနီး ကိုလာ (cola)၊ Redbull ၊ ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည် စတဲ့ ကဖင်း ပါတဲ့ အရည်အစာ တစ်ခုခုစားမည် ဆိုပါက ထိုညအဖို့ ကဖင်းကြောင့် အိပ်ပျော်မည် မထင်ပါ။    ဦးနှောက်အာရုံကြော၊ ခန္ဒာကိုယ် နာမ်ကြော များကို နိုးကြားစေပေမယ့် ရက်ဆက် သောက်/စားပါက စွဲလမ်းသွားတတ်ပါသည်။ ၁၅ ရက်အထက် နေ့စဉ် အချိန်မှန်သောက်ပါက စွဲလမ်းသွားတတ်ပါသည်။ သောက်နေကြ အချိန်လွန်သွားပါက ခန္ဒာကိုယ်လေးလံထိုင်းမှိုင်းခြင်း၊ ခေါင်းအုံခြင်းများ ခံစားရတတ်ပါသည်။ ကျောင်းစာသင်ယူနေသောအချိန်တွင် ဦးနှောက်အာရုံကြော အလုပ်လုပ်မှုကို နိုးကြားစေ၍ သောက်သုံးသင့်ပါသည်။ ရက်ဆက်မသောက်သင့်ပါ။ ကလေးသူငယ်များ မသောက်သင့်ပါ။ စင်ကာပူထုတ် Panadol Extra တွင် ကဖင်း 65 mg ပါဝင်၍နာစေး ချောင်းဆိုးပါက နေ့သာသောက်သင့်ပါသည်။ RedBull (ကျွဲရိုင်း) အချိုရည်တွင်ကဖင်း 80 mg၊ Cola ဗူးတွင် 34 mg၊ ပါဝင်ပါသည်။ အသက် ၆၅ နှစ်အထက် လူကြီးများသည် ကဖင်း ပါဝင်သော အစာအသောက်များကြောင့် နှလုံးထိခိုက်နိုင်ပါသည်။ ညအိပ်ခါနီး လက်ဖက်သုတ်စား၍ အိပ်မပျော်တာကဖင်း ကြောင့်ပါ။ လက်ဖက်ရည်တွင် အနဲငယ်သာပါဝင်တာမို့ ဥပဒ်မဖြစ်ပါ။ သို့သော် တစ်နေ့သုံးခွက်ထက်ပို၍ မသောက် သင့်ပါ။ 
http://www.umassmed.edu/uploadedImages/healthyheart/chocolate.jpg
photo google image
(ဆရာဝန်မဟုတ်၍ပြည့်စုံမည်မထင်ပါ-ရသအတွေး)

Chemical
File:Caffeine metabolites.svg
 Wikipedia မှ

Monday, December 13, 2010

ချဉ်ပေါင်ရွက် Roselle

http://ahmadalikarim.files.wordpress.com/2008/11/roselle-mama.jpg?w=410&h=272
photo: Google Image
File:Mbo8.jpg ချဉ်ပေါင်ရွက်ဟာအနီနဲ့ အဖြူဆိုပြီး (၂) မျိုးရှိ ပါတယ်။ အဖြူကအချဉ်ဓာတ် အနဲငယ်သာပါပြီး အခါးဓာတ် ပိုများ ပါတယ်။ အဖြူကကြော်စားလျှင် ဆိပ့် သက်သက် အရသာရှိပါတယ်။ အချဉ်အရသာ နဲပါတယ်။ ပင်စည်မှာ ဆူးသေးသေးလေးတွေ ပါတတ်ပါတယ်။ အရွက်အနီကိုပဲ ကိုရွှေမြန်မာ တို့သဲခြေခိုက် ကြော်စား၊ ဟင်းချိုချက်သောက်၊ အသားငါးနဲ့ ရောချက် ဒီလောက်ပဲသိကြတာ များပါတယ်။ အသီးကိုတော့ လူတိုင်းစားဖူးမည် မထင်ပါ။ တောမှာနေတဲ့သူ(ကျွန်တော့်) လိုလူမျိုး ကတော့ စားဖူး ပါလိမ့်မည်။ အရွက်ကို ၀က်သား၊ ပုဇွန်ခြောက်အကောင်၊ အမှုန့်စသည်ဖြင့် ရော၍ ကြော်စားလျှင် လွန်စွာမှ အရသာရှိပါသည်။  ခုကျွန်တော်ပြောမှာက အသီးအကြောင်းပါ ချဉ်ပေါင် အနီ အရွက် ကိုတော့ စာအုပ်တွေမှာ ညွှန်းထားတာ မတွေ့ပါဘူး။ အသီးကို သူတို့ တွေ ဘယ်လိုစားလဲ ဆိုတာ ပဲတွေ့ရပါတယ်။ ကျွန်တော်သိတာက အသီး (ရင့်တဲ့)ကို နေပူမှာတစ်ရက်လှန်း၊ ပြီးမှ သကြား၊ ထန်းလျှက်တို့နဲ့ရောပြီးယိုထိုးစားတာ။ သူတို့ကဒီလိုမဟုတ်ပါ။ ချဉ်ပေါင်အသီး(ရင့်တဲ့)ခူးအလုံးလိုက် သကြား၊ ဆား အနဲငယ်ထည့်ပြီး ကြို၊ စပြီးဆူကာစမှာ မီးဖိုပေါ်ကချ၊ အအေးခံပြီးသောက်တာပါ။ ဖျော်ရည်လုပ် သောက်တယ်ပေါ့။ ဘာတွေများ ပါပါသလဲဆိုတော့ ဘီတာမင် ဘီအုပ်စုတွေပါဝင်ပါတယ်။ အရွက်ရင့်နဲ့ အသီးကို နေပူမှာအခြောက်လှန်း ပြီးလက်ဖက်ရည်လည်း လုပ်သောက်ကြပါတယ်။ ဒူးရင်းသီးစားပြီးပါက ဒီ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက် ပါက ဒူးရင်းသီးစားပြီး အပူကန်ခြင်း ကိုကာကွယ်နိုင်ပါသည်တဲ့ဗျာ။ အရွက်ဖြင့်ဖြင့် အသီးဖြင့်ဖြင့် သွေးတိုးရှိသူများ များများ စားလျှင်သွေးပေါင်ချိန်တက်နိုင်ပါတယ်။ ချောင်းဆိုးရင်ကြပ် နှင့်လည်းမသင့် တော်ပါ။
(ကျွန်တော်လည်းဖျော်သောက်ပါဦးမည်)ရသအတွေး

http://farm2.static.flickr.com/1312/1202446840_92620931e2.jpg
photo: Google Image
သိတဲ့နိုင်ငံတွေနဲ့ အခေါ်တွေပါ

Australia.Indian subcontinent, Tengamora in Assam, Gongura in Telugu, Pundi in Kannada,LalChatni or Kutrum in Mithila] Mathipuli in Kerala, chin baung in Burma, กระเจี๊ยบ krajeab in Thailand, bissap in Senegal, Guinea Bissau, Mali, Burkina Faso, Ghana, Benin and Niger, the Congo and France, dah or dah bleni in other parts of Mali, wonjo in the Gambia, zobo in western Nigeria (the Yorubas in Nigeria call the white variety Isapa (pronounced Ishapa)), Zoborodo in Northern Nigeria, Chaye-Torosh in Iran, karkade (كركديه; Arabic pronunciation: [ˈkarkade])[dubious ] in Egypt, Saudi Arabia, and Sudan, omutete in Namibia, sorrel in the Caribbean and in Latin America, Flor de Jamaica in Mexico, Saril in Panama, rosela in Indonesia, asam paya or asam susur in Malaysia. In Chinese it is 洛神花 (Luo Shen Hua) . In Zambia the plant is called lumanda in ciBemba, katolo in kiKaonde, or wusi in chiLunda. In certain West Indian islands, Grenada, for example, it is called Sorrel.

Saturday, December 11, 2010

ခရမ်းချဉ်သီး (Tomato)

ခရမ်းချဉ်သီးကိုလူတိုင်းသိကြပါတယ်။ စားလည်းစားကြပါတယ်။ အမျိုးမျိုးအဖုံဖုံလုပ်၍စားသုံးကြပါတယ်။ သူ့ရဲ့မူလဇာတိက အမေရိကအနောက်တောင်ဘက်နဲ့ အလယ်ပိုင်းဒေသကပါ။ ၁၅၁၉ မှာ အမေရိကလူမျိုး များစတင်စိုက်ပျိုးခဲ့ကြပါတယ်။ သို့သော်သူတို့မစားသုံးကြပါဘူး။ ၁၅၉၅ မှာ စပိန်တွေဟာ အ၀ါရောင်နဲ့ အနီရောင်ခရမ်းချဉ်သီးတွေကိုစိုက်ပျိုးခဲ့ကြပါတယ်။ ဥရောပကမှတဆင့် အာရှဘက်နောက်ပိုင်းမှာ စိုက်ပျိုးလာကြပါတယ်။
 ကျွန်တော်တို့ စားသုံးသောခရမ်းချဉ်သီးထဲမှာ ရေဓာတ်အပြင် Lycopine ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကမှ ၎င်း Lycopine ကို ခရန်းချဉ်သီး ထဲမှာရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အရောင်ရှိတဲ့ အသီးမျိုးမှာ ပါဝင်တဲ့ Lycopine ဟာ neutralise အင်ဇိုင်းတွေကိုသက်ရောက်စေတယ်။ ခရမ်းချဉ်သီးဟာ လူတိုင်းစားသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ သို့သော်ဆေးစာအုပ် တစ်ချို့တွင်ရေးထား သည်မှာ အနဲငယ် အပူပေးပြီးစားမှ ထို Lycopine အား အူနံရံမှစုပ်ယူနိုင်ပါသည်တဲ့။ ဒါကြောင့်သုပ်စားခြင်း အစိမ်းစားခြင်းထက် ကြော်စား၊ ချက်စားခြင်းမှ Lycopine ကိုရရှိမည်ဖြစ်ပါသည်။ အသင့်စားရန် စည်သွပ်ပုလင်းများမှာ မှိုများပါတတ်ပါတယ်။ သေချာချင်ရင်တော့ကိုယ်တိုင်လုပ်စားပါ။


http://0.tqn.com/d/homecooking/1/G/2/L/tomatoes2x.jpg








Photo: Google Image
နေ့တိုင်းသော်လည်းကောင်း၊ ရက်ခြား၍သော်လည်းကောင်းစားသုံးခြင်ဖြင့် အရေးပြားတွင်ဖြစ်တတ် သော ရောဂါများအားကာကွယ်ပါတယ်။ ဒါ့အပြင် အသားရေလှပါစေပါတယ်။ မယုံမရှိပါနဲ့ ခရမ်းချဉ်သီးကို ထက်ဝက်ပိုင်းပြီး မျက်နှာသစ်ရင် မျက်နှာချောမွေ့စေပါတယ်။ (အင်တာနက်စာမျက်နှာများမှ)

Friday, December 10, 2010

သရဏဂုံမတည်ကြသူများ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
Photo-Google

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သဃံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
ဓမ္မံ တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
သဃံ သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)

သရဏဂုံသုံးပါးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါ၏။ သို့သော် တည်ခြင်းမတည်ခြင်း မိမိကိုယ်မိမိသာ အသိဆုံးပါ။ မြတ်စွာဘုရားရှင်လက်ထက် မြတ်စွာဘုရားတရားတော် တပုဒ်ဆုံးလျှင် အနည်းဆုံး ထောင်သောင်း မကသော လူ၊ နတ်၊ ဗြဟ္မာအများ သရဏဂုံ တည်သွားကြပါသည်။ ရှေးပဝေသဏီကမှား ခဲ့ကြသော အယူမှား မိစ္ဆာဒိဌိအယူများ ချက်ခြင်းပျောက်၍ မြတ်စွာဘုရားအပေါ်သော်လည်းကောင်း၊ မြတ်စွာဘုရားဟောကြားသော တရားတော်အပေါ်တွင်သော်လည်းကောင်း မြတ်စွာဘုရားရှင်၏ တပည့် သာဝကများအပေါ်တွင်လည်းကောင်း ယုံမှားခြင်းအယူများပျောက်ကွယ်၍​ သရဏဂုံတည်သွားကြ၏။ ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ကြကုန်၏။ သရဏဂုံတည်ခြင်းသည် တစ်ခြားတစ်ခြားသော ဘာသာတို့ အပေါ်သက်ဝင်ယုံကြည်မှု အလျင်းမရှိစေရ။ မရှိတော့ပါ။ မြဲမြံသောသက်ဝင်ယုံ ကြည်မှုကိုခေါ်ခြင်းလည်း ဖြစ်ပါသည်။ ကွယ်လွန် သွားသော သူအား သရဏဂုံတင်၍ ထိုသူ(နာမ်မဲ့) မရပါ။ ထိုသူသည် ဘာသာခြားဖြစ်ပါက ပို၍သာမရနိုင်ပါ။ ဘာကြောင့် ပြုလုပ်နေကြပါသလဲ။ ထိုကွယ်လွန်သောသူ မရပါက လိုက်ပါပို့ဆောင်သူများ သူနှင့်ပတ်သက်သော ဘုံစဉ်ခြားများရနိုင်လို့ပါ။ အသိသည်လွန်စွာအရေးကြီးပါ၏။ (အ၀ိဇ္ဖာ) မသိမှုကြောင့်မိုက်မှားကြ၏။ အယူမှားကြ၏။ ထိုအယူမှားကို မှားမှန်းသိလျှက်နဲ့ ရှေ့တိုးသွားပါက ထိုထက်မိုက်မဲသောသူ မရှိနိုင်တော့ပါ။ သရဏဂုံတည်ခြင်းမှာ သုံးပါးပြည့်စုံမှပိုမှန်ပါမည်။ ဘုရားတော့ ကန်တော့ပါတယ်၊ တရားလည်းအားထုတ်တယ် နာယူတယ် ရွတ်ဖတ်တယ်၊ သံဃာကို သတ်ရင်တော့ ထိုသူဟာ လားရာဂတိ အ၀ီစိပါ။ ရွှေကျောင်းဆောက်လှူလည်း အပ္ပါယ်က လွတ်နိုင်မည်မဟုတ်။ မြတ်စွာ ဘုရား၏ သာသနာအဓွန့်ရှည်ရန်မှာ မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကို စောင့်ရှောက်ဖို့ သံဃာတော်များရှိရန်လိုပါသည်။ နောက်ဆုံး သရဏဂုံတည်ခြင်းသည် မိမိဘာသာအပေါ် ယုံကြည်စွာ သက်တဆုံး ယုံကြည်စွာကိုးကွယ်ခြင်းပါလို့ ပြောလိုက်ပါရစေ၏။ (ရသအတွေး)