Subscribe Twitter

Tuesday, February 1, 2011

Honey ပျားရည်၏ အသုံးဝင်ပုံ

http://static.howstuffworks.com/gif/local-honey-for-allergy-3.jpg
Google Image
ပျားရည်၏ ဆေးဘက်ဝင်ပုံကို ကျတော်ဒီနေရာမှာ ရေးပြပါမယ်။ ပြည့်စုံချင်မှပြည့်စုံပါမယ်။ ပျားရည်မှာ အမျိုးအစား များစွာကွဲပြားပါတယ်။ ပျားကောင် သေးသေးလေးရဲ့ ပျားရည်၊ ဆံပင်လိမ်ပျား (ဒီပျားများဟာ သစ်ခေါင်း များတွင် အုံဖွဲ၍ သူတို့နေသော အုံအား စေးကပ်သော သစ်စေးများ ဖြင့် ပိတ်ကာထားသည်၊ ပျားကောင်ကြီးများ မှရသော ပျားရည် စသည်ဖြင့်ကွဲပြားပါသည်။ မွေးမြူထားသော ပျားသည် ပျားကောင် ကြီးများပင် ဖြစ်သည်။ သဘာဝ တောထဲမှ ဖွတ်၍ရသော ပျားရည်သည် ဆေးဘက် အ၀င်ဆုံးပင် ဖြစ်သည်။ ၎င်းပျားရည်ထဲတွင် ဖယောင်းနှင့် ပန်းဝတ်မှုန်များ ပါဝင်သည်။ မွေးမြူထားသော ပျားရည်သည် သကြားဓာတ် လွန်ကဲပါသည်။ ဆေးဘက်ဝင်တာက အစာအိမ် အချဉ်ပေါက်ခြင်း၊ လေချဉ်ခဏခဏတက်ခြင်း၊ နှလုံးခုံရင်တုန်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ များအတွက် အသုံးဝင်ပါသည်။  အားအင်ကုန်ခမ်း မောပန်းခြင်း များကတော့ ပျားရည်ဇွန်း တစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပြန်လည်ပြည့်လာနိုင်ပါသည်။
ပါဝင်ဖွဲ့စည်းပုံကတော့ အောက်ပါဇယားအတိုင်းပါပဲ။





Sunday, January 30, 2011

အနာဂတ်ကွန်ပျူတာ

နောင်လာမည့် ကွန်ပျူတာများမှာ Multicore-Processor တွေသုံးမယ်အပြင် ပြင်ဆင်မွမ်းမံမှုနည်းပညာ Overhaul တွေနဲ့ အမြန်ဆုံးအလုပ်လုပ်စေမှာ ဖြစ်ပါတယ်။ နှစ် ၅၀ ကျော်ဖြတ်သန်းလာခဲ့ပြီးသည့်နောက်တွင် ကွန်ပျူတာများစွာဟာ နည်းပညာများ တခုပြီးတခု ဖြတ်သန်းလာခဲ့ပါပြီး။ University of Maryland Researcher ကရှာဖွေတွေ့ရှိခဲ့သည်မှာ Single-Processor ကနေ Processor များစွာကိုပြိုင်ပြီး အလုပ်လုပ်စေတဲ့နည်းပဲ ဖြစ်ပါတယ်။ ၎င်းအလုပ်လုပ်ပုံကြောင့် စနစ်တစ်ခု ရရှိစေမှာ ဖြစ်ပါတယ်။ အခြေခံ ကွန်ပျူတာများဟာ နည်းပညာရပ် အားဖြင့် သင်္ချာပညာရှင် ဂျွန်ဗွန်းနူမာန် ( Jonn Von Neumann ) ကတည်ဆောက်ခဲ့ခြင်းပါ။ သူ့ရဲနည်းပညာတွေမှာ Program နဲ့ Data တွေကို သယ်ဆောင်စေပြီး Memory နဲ့ CPU ကိုစားသုံးစေခဲ့ပါတယ်။ ၎င်းရဲ့ လုပ်ဆာင်ချက်တွေ ဟာလည်းတစ်ကြိမ်တစ်ခါပါပဲ။ ခုဒီနည်းပညာကတော့ ဒီလိုမဟုတ်ပါဘူး။  Single-Core Processor ကနေအခြား Core တွေကိုအလုပ်လုပ် စေသောနည်း ဖြစ်ပါတယ်။လာမည့်နောင်နှစ် တွေမှာ Tripe-Core Processor တွေသုံးလာတော့မှာပါ။ Ref: Pcworld
http://zapp5.staticworld.net/news/graphics/149407-Multi-core.jpg

Saturday, January 29, 2011

ပြန်ဆုံပါက

လမ်းတစ်ခုမှာတွေ့တယ်
လှမ်းလို့သာကြည့်ခဲ့
ကောက်သောလမ်းဖြစ်စေ
ဖြောက်သောလမ်းဖြစ်စေ
နောက်တစ်ကြိမ်ပြန်တွေ့ရင် ...
ရုတ်တရက်ပေါ့လေ
နှုတ်မဆက်လည်းနေပါစေ။      ။

Friday, January 28, 2011

Ginger ဂျင်း၏ အသုံးဝင်ပုံ

http://tpsaye.files.wordpress.com/2009/03/ginger.jpg?w=300&h=230
Google Image
ဂျင်းရဲ့ ဆေးဘက်ဝင်ပုံကို စာစောင်တစ်ခုမှာ ရေးထားတာ တွေ့လိုက်ရပါတယ်။ ထိုစာစောင်တွင် ရေးထားသည်မှာ မပြည့်စုံသေးပါ။ ကျတော် ငယ်ငယ်က ဆိုလျှင် ဂျင်းပြုတ်ရေ တစ်ပတ်တစ်ကြိမ်ခန့် သောက်ရ ပါတယ်။ ကိုယ်လက်နာကျင်လို့ အဖိုး ဖြစ်တဲ့သူက သောက်ခိုင်း လေ့ရှိတယ်။ ဂျင်းကိုပါးပါးလှီးပြီး သကြားနဲ့ ရော၍ ရေဆူအောင်ပြုတ်ပြီး အအေးခံကာ သောက်ပါက ကိုယ်လက်နာကျင် မှုတွေသက်သာ စေပါတယ်။ အကောင်းဆုံး ကတော့ ထန်လျှက်နဲ့ ရော၍ ပြုတ်သောက်ခြင်းပါပဲ။ အမျိုးသမီးတွက် ချည်းသက်သက် မဟုတ်ပါ။ အမျိုးသားများလည်း သောက်နိုင်သော ဆေးတစ်ခွက်ဖြစ်ပါတယ်။ 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpwnaOM6lyWG0klxlS1QHYZwWgpADKDXW7T1J1yOh5QdwyS5Rij44yCv-WSqCsDHVOkoOKa1BMIAn70Xl1O29DbwwQxehm4lE1xUY2bdUCk-m3bzkC8YkGWbN5qIag47UyVYLCn3EUCxW/s400/ginger+plants.JPG
Google Image
ဆာမိတို့ နိုင်ငံမှာဆိုလျှင် ဂျင်ဂျာတီး ဆိုပြီး ရောင်းကြပါတယ်။ ဂျင်းကို အစိမ်းစားခြင်းက ပြုတ်သောက်ခြင်းထက်ကောင်းပါတယ်။ အစိမ်းသုတ်စားလို ပါက ပါးပါးလှီးပြီး ဆားနဲ့နယ်ပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် ၎င်းဆားများအား ဆေးထုတ်၍ သုတ်စားနိုင်ပါတယ်။ အိုစိမ်ထားတဲ့ ဂျင်းကိုသုတ်စားပါက ခဲဆိပ့် များပါဝင်နိုင်ပါတယ်။ အကောင်းဆုံးအကြံပေးရင် မိမိကိုယ်တိုင် လတ်လတ်ဆတ် ဆတ်ဂျင်းကို ပါးပါးလှီး သုတ်စားတာအကောင်းဆုံးပါလို့ ပြောလိုက်ပါရစေ။

Wednesday, January 26, 2011

ဖတ်ခဲ့ဘူးသော ပုံပြင်လေးတစ်ပုဒ်

ကြားဖူးကြမှာပါ။ အသစ် အဆန်းတစ်ခုခုကို ရရှိပါက ဘယ်လို အသုံးအသုံးချမည်ကို မသိသူများအား မျောက်အုံးသီး ရတဲ့သူလို့ ပြောတတ် ကြပါတယ်။ ဖတ်ခဲ့ဘူးတဲ့ ဇာတ်လမ်းပုံပြင်က ဒီလိုပါ။
တစ်ခါတုန်းကပေါ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကိုရင်ကြီးတစ်ပါးရယ်၊ ကျောင်းသား တစ်ယောက်ရယ်၊ မျောက်တစ်ကောင်ရယ်ဟာ လှေကားတစ်ထစ်စီမှာ ထိုင်နေကြသတဲ့။ ဘုန်းကြီးကျောင်းဝင်းဆိုတော့ ပိန္နဲပင်၊ စုံပဒတ်ပင်၊ အုန်းပင်စတဲ့သီးပင်တွေရှိမှာပေါ့။ အဲဒီ တစ်ချိန်မှာ အုန်းသီးတစ်လုံးဟာ ကြွေကျသတဲ့။ အောက်ဆုံး အဆင့်လှေခါးမှာ ထိုင်နေတဲ့ မျောက်က အရင်ဆုံးပြေးသွားပြီး ကြွေကျတဲ့ အုံးသီးကိုသွားကောက်သတဲ့၊ ပြီးဘာလုပ်ရမှန်း မသိလို့ ခေါင်းနဲ့တိုက်လိုက်၊ မြေကြီးပေါ်မှာချလိုက်၊ ကြိမ်ဖန်များစွာ လုပ်နေသတဲ့၊ နောက်တော့ ကျောင်းသားကမနေနိုင်လို့ ထိုမျောက်ဆီကနေ လုယူ၍ ဓါးမနှင့် အုန်းခွံများကိုခွာ၍ ကိုက်စားသတဲ့လေ။ အခွံခွာလိုက် ကိုက်စားလိုက် ပစ်လိုက် လုပ်နေလိုက်တာနောက်ဆုံး အခွံများပြောင်သွား၍ အတွင်းအုန်းသီးဆံကိုသွားတွေ့တော့ "ဟင်း အုန်းသီးဆိုတာ ဘာများလဲမှတ်တယ်... အသားက ဖန်တွတွနဲ့ အစေ့ကလည်း အကြီးကြီးပဲ" ဟုဆိုပြီးလွင့်ပစ်လိုက်သတဲ့။ အဲဒီနောက်တော့ ကိုရင်ကြီးက "သြော်ငမိုက်သားတွေ" ဟုရေရွတ်ရင်း ကျောင်းသားလွင့်ပစ်ထားသော အုန်းသီးအား သွားကောက်၍ ခွဲစားလိုက်လေသတဲ့လေ။ (အောက်ပဗီဒီယိုလေးကိုကြည့်ပေါ့...မျောက်အုံးသီးရတယ်ဆိုတာ ဒီမျောက်ကတော့ စားရကောင်းမှန်းတော့ သိပုံရပါတယ်။)