Subscribe Twitter

Friday, February 25, 2011

Facebook ကိုဖန်တီးသူတစ်ယောက်

ကျတော်တို့ ခု တမ်းတမ်းစြွဲဖစ်နေတဲ့ Facebook ကို တည်ထောင်တဲ့သူကတော့ Mr Mark Zuckerberg ပဲဖြစ် ပါတယ်။ မွေးနေ့ကတော့ မေ ၁၄၊ ၁၉၈၄ (၂၇) နှစ်ပဲဖြစ်တယ်။ အမေရိကန်လူမျိုးဖြစ်ပြီး ရှယ်ရာ- ၂၄% ကို ၂၀၁၀ ထိပိုင်ဆိုင်ထားပါတယ်။ Facebook ရဲ့ CEO လည်းဖြစ်ပါတယ်။ ကမ္ဘာအသက် အငယ်ဆုံး ဘီလီယံနာ အဖြစ် ၂၀၀၈ ခုနှစ်မှာ သတ်မှတ်ခဲ့ ပါတယ်။
သူ့ကို Add လို့ တော့မရပါ။ ဖျောက် ထားဟန်တူပါတယ်။ သူ့ဘ၀အကြောင်း စိတ်ဝင် စားဖို့ ကောင်းပါတယ်။ တစ်ခြားဆိုဒ် တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီမှာတော့ ကျတော်လည်း သိသလောက်ပဲ ရေးထားတာပါ။ သုံးစွဲသူဦးရေ သန်း ၅၀၀ ကျော်ထိရှိသွားပြီး ဖြစ်ပါသည်တဲ့။ ခုဆိုရင် Game တွေကအစ နိုင်ငံတိုင်းသုံးစွဲသူတွေ တစ်နေ့ နဲ့ တစ်နေ့ များပြားလာပါပြီ။ ဟုတ်မှာပါလေ။ 
http://img4.allvoices.com/thumbs/event/609/480/64015399-mark-zuckerberg.jpg
သူနဲ့ သူ့၏ချစ်သူ (Google Image)
ကျတော် လေ့လာကြည့်ရသလောက်တော့ တစ်ချို့ အကောင့်တွေဆို Add ထားတဲ့သူငယ်ချင်း နှစ်ထောင် ကျော်တောင်ရှိတယ်။ ကောင်းတဲ့ အချက်ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ တစ်ချို့အချက်အချက် လက်တွေ (မိမိကိုယ်ရေးကိုယ်တာ) အလွန်အကျူး မတင့်သင့်ပါ။ မည်သူမဆို ၀င်ရောက်ကြည့် နိုင်သည့် အတွက် တစ်ဖက်တွင် အန္တာရာယ် ရှိနိုင်ပါတယ်။ ကောင်းတဲ့သူတွေ ကိုတော့ မဆိုလိုပါ။

Thursday, February 24, 2011

အရာရာဟာ အကြောင်မဲ့မဟုတ်

        (၁)

နေ့တစ်နေ့ဟာ
အရင်ကအတိုင်း

         (၂)

သစ္စာရှိခြင်းမရှိခြင်းတွေ
အရင်ကအတိုင်း

        (၃)

ပျံသည့်ငှက်ပြန်နေဆဲ
အရင်ကအတိုင်း


        (၄)

ပြောင်းလဲမယ်လို့
ဆုံးဖြတ်လေတိုင်း
မှောင်မဲလာတဲ့ မာနတွေက
အင်္ဂါဂြိုလ်ကို ငေးမောရင်းနဲ့
သူအလာကိုစောင့်နေလျှက်။

Monday, February 21, 2011

Video ကနေ mp3 ပြောင်းတဲ့ဆောလ်ဝဲ

ဗီယိုမျိုးစုံကနေ mp3 ဒါမှမဟုတ် Video တစ်ခုခုကို ပြောင်းပေးတဲ့ ဆော့လ်ဝဲလေးပါ။ Any Video Conventer Ver 3.7 ပါ။ Crack ပါပူးတွဲပါလာပါတယ်။ ကျတော်တော့ တော်တော်လေးကြိုက်ပါတယ်။ အလကားရတာ မို့ပါ။ ကောင်းလည်း အတော်လေးကောင်းပါတယ်။
၁။ .rar ဖိုင်ကိုဖြေပါ။
၂။ ဖြေပြီးပါက Setup Folder အောက်က any-video-converter.exe ကို install လုပ်ပါ။
၃။ ပြီးရင် Crack Folder ထဲက VideoConvPro.exe ဖိုင်ကို သက်ဆိုင်ရာ Folder ထဲသို့ကူးထည့်ပါ။
၎။ ကျတော်ဆီမှာကတော့ Program Files (x86)\Anvsoft\Any Video Converter Professional\ ကိုပါ။
အောက်ကပုံကတော့ Install လုပ်ပြီးသွားရင် မြင်ရမယ့်ပုံပါ။
မူရင်းဒေါင်းရန်လင့်၊ Link1



Sunday, February 20, 2011

ဈေးထွက်...ကြွေးတက်



















(၁)

တက်ပြန်တယ်
ဘတ်ဒီ၊ ဆီ၊ ဘာလီ
ဈေးနှုန်းတွေ
ပြောတော့လမ်းတွေ ပြန်ပိတ်လို့တဲ့။

(၂)

ကျပြန်တယ်
ဘတ်ဒီ၊ ဆီ၊ ဘာလီ
ဈေးနှုန်းတွေ
ပြောတော့လမ်းတွေ ပြန်ဖွင့်လို့တဲ့။

(၃)

တက်လိုက်၊ ကျလိုက်နဲ့ဈေနှုန်းတွေ
မနက်ကရလိုက်တယ်
သံဝေဂ...ငါကကြွေးထူ လူကိုး။

Tuesday, February 1, 2011

Honey ပျားရည်၏ အသုံးဝင်ပုံ

http://static.howstuffworks.com/gif/local-honey-for-allergy-3.jpg
Google Image
ပျားရည်၏ ဆေးဘက်ဝင်ပုံကို ကျတော်ဒီနေရာမှာ ရေးပြပါမယ်။ ပြည့်စုံချင်မှပြည့်စုံပါမယ်။ ပျားရည်မှာ အမျိုးအစား များစွာကွဲပြားပါတယ်။ ပျားကောင် သေးသေးလေးရဲ့ ပျားရည်၊ ဆံပင်လိမ်ပျား (ဒီပျားများဟာ သစ်ခေါင်း များတွင် အုံဖွဲ၍ သူတို့နေသော အုံအား စေးကပ်သော သစ်စေးများ ဖြင့် ပိတ်ကာထားသည်၊ ပျားကောင်ကြီးများ မှရသော ပျားရည် စသည်ဖြင့်ကွဲပြားပါသည်။ မွေးမြူထားသော ပျားသည် ပျားကောင် ကြီးများပင် ဖြစ်သည်။ သဘာဝ တောထဲမှ ဖွတ်၍ရသော ပျားရည်သည် ဆေးဘက် အ၀င်ဆုံးပင် ဖြစ်သည်။ ၎င်းပျားရည်ထဲတွင် ဖယောင်းနှင့် ပန်းဝတ်မှုန်များ ပါဝင်သည်။ မွေးမြူထားသော ပျားရည်သည် သကြားဓာတ် လွန်ကဲပါသည်။ ဆေးဘက်ဝင်တာက အစာအိမ် အချဉ်ပေါက်ခြင်း၊ လေချဉ်ခဏခဏတက်ခြင်း၊ နှလုံးခုံရင်တုန်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ များအတွက် အသုံးဝင်ပါသည်။  အားအင်ကုန်ခမ်း မောပန်းခြင်း များကတော့ ပျားရည်ဇွန်း တစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပြန်လည်ပြည့်လာနိုင်ပါသည်။
ပါဝင်ဖွဲ့စည်းပုံကတော့ အောက်ပါဇယားအတိုင်းပါပဲ။