Subscribe Twitter

Sunday, August 8, 2010

မာယာများတဲ့ပင်လယ်

မောင်ရယ်....
ကြင်နာတွေကြောင့်
လန်းဆန်းရပါတယ်
အကြည့်တွေကြောင့်
ရင်ဖိုရပါတယ်
အကြင်နာရယ်ကြောင့်
ကြည်နူးရပါတယ်
သူ့အပြောကအလွန်ကောင်း
ပုဇွန်ခေါင်းဆိတ်သလို
သူလွယ်ပြောပြော
ဟန်ဆောင်အပြုံးနဲ့
ကောင်ကင်ပြိုသလို
နှလုံးသားအစစ်ကို
ဝက်သားတုတ်ထိုးစားသလို
ပင်လယ် ဘာကြောင့်ပြာပြာ
လှိုင်းလေမှန်ရင်ပင်လယ်ကြောင့်
မာယာလေရူးနဲ့ ပင်လယ်ဟာမာယာများတယ်။ ။

Wednesday, August 4, 2010

သူတို့စကား





သူ့ဂုဏ်မြောက်သော်ကိုယ့်ဂုဏ်မြောက်၏၊ သူ့ဂုဏ်နှိမ့်သော် ကိုယ်ဂုဏ်နိမ့်၏
(မန်လည်ဆရာတော် ဘုရားကြီး၏ မဃဒေ၀လင်္ကာ)












နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးပဲဖြစ်တယ် (ဗိုလ်ချုပ်အောင်ဆန်း)







သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ အဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကိုရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကိုသိရင် အချူပ်ကတော့ မအ ဘူးပေါ့။
(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)

Thursday, July 29, 2010

ရံဖန်ရံခါ.... ထိုကဗျာ

ရံဖန်ရံခါ ..... ယောင်ယောင်၍
အော်တတ်၏။
ရံဖန်ရံခါ ..... တောင်တွေး
မြောက်တွေးတွေးတတ်၏။
ရံဖန်ရံခါ ..... ပုံပြောတတ်၏။
ရံဖန်ရံခါ ..... ရယ်စရာပြောတတ်၏။
ရံဖန်ရံခါ ..... ဂျစ်ကန်ကန်နေတတ်၏။
ရံဖန်ရံခါ ..... သမိုင်းကိုပြောတတ်၏။
ရံဖန်ရံခါ ..... ဒဿနဆန်ဆန်ဆိုတတ်၏။

ရံဖန်ရံခါ ...... နိုင်ငံရေးအကြောင်းပြောတတ်၏။
ရံဖန်ရံခါ ...... ဘာသာသာသနာအကြောင်းဆိုတတ်၏။

သို့ပါသော်လည်း....သူသည် ငပိနှင့်
ချိကိုရော ၍မစားပါလေ........။

Wednesday, July 28, 2010

လမ်း

ငါနင့်ဆီအသွား
နင်ငါ့ဆီအလာ
တံတားကလေးမှာ
ငါတို့နှစ်ယောက် ဆုံကြတာလေ....
တောင်ဘက်လမ်းကနင်အပြန်
တွေ့လျှက်နဲ့ ရုတ်တရက်
နှုတ်ဆက်ဖို့မေ့.....သြော်ကြာတော့ကြာခဲ့ပါပြီလေ....
နင်လည်အရွယ်လွန် ငါလည်းအရွယ်လွန်
နင်ငါ့ကိုမတွေ့
ငါနင့်ကိုမတွေ့ရင်
ငါတို့ဘယ်လိုဆုံမလဲ............

Sunday, July 25, 2010

သားတို့ အမေ

ဘ၀ကိုစတေး လူဖြစ်အောင်မွေးခဲ့တဲ့ အမေ
လောကကိုအံတု ကြံ့ခိုင်မှုတွေ ပေးခဲ့တဲ့အမေ
သားတို့ဘ၀မြင့်တက်စေဖိုး ရုန်းကန်ပေးခဲ့တဲ့ အမေ
ရင်ခွင်ထဲထည့် နို့ချိုတိုက်ကျွေးခဲ့တဲ့ အမေ
ပညာရင်နို့သောက်စို့ခွင့် ပေးခဲ့တဲ့ အမေ
တရားကိုသိဖို့ ဆုံးမခဲ့တဲ့ အမေ

+ + + + + + + +

အမေ အမေ့ကျေးဇူးကြောင့်
စလေဦးပုညလည်းသိခဲ့ရပြီ အမေ
ရှိုတ်းစပီးယား လည်းသိခဲ့ပြီအမေ
အိုင်စတိုင်းလည်းသိခဲ့ရပြီ အမေ
လူ့ဘ၀ရဲ့ဖြစ်တည်မှုတွေလည်းသိခဲ့ရပြီ အမေ
သဿနလည်း သိခဲ့ရပြီအမေ
အတ္တလည်း သိခဲ့ရပြီအမေ
အမေ မရှိမှ အမေ့တန်ဘိုးသားနားလယ်ခဲ့ပြီ အမေ

နောက်မှရတဲ့နောင်တတွေနဲ့
သားအမှားတွေကို အကြိမ်ကြိမ်တောင်းပန်ပါ၏ အမေ။ ။