Subscribe Twitter

Saturday, January 29, 2011

ပြန်ဆုံပါက

လမ်းတစ်ခုမှာတွေ့တယ်
လှမ်းလို့သာကြည့်ခဲ့
ကောက်သောလမ်းဖြစ်စေ
ဖြောက်သောလမ်းဖြစ်စေ
နောက်တစ်ကြိမ်ပြန်တွေ့ရင် ...
ရုတ်တရက်ပေါ့လေ
နှုတ်မဆက်လည်းနေပါစေ။      ။

Friday, January 28, 2011

Ginger ဂျင်း၏ အသုံးဝင်ပုံ

http://tpsaye.files.wordpress.com/2009/03/ginger.jpg?w=300&h=230
Google Image
ဂျင်းရဲ့ ဆေးဘက်ဝင်ပုံကို စာစောင်တစ်ခုမှာ ရေးထားတာ တွေ့လိုက်ရပါတယ်။ ထိုစာစောင်တွင် ရေးထားသည်မှာ မပြည့်စုံသေးပါ။ ကျတော် ငယ်ငယ်က ဆိုလျှင် ဂျင်းပြုတ်ရေ တစ်ပတ်တစ်ကြိမ်ခန့် သောက်ရ ပါတယ်။ ကိုယ်လက်နာကျင်လို့ အဖိုး ဖြစ်တဲ့သူက သောက်ခိုင်း လေ့ရှိတယ်။ ဂျင်းကိုပါးပါးလှီးပြီး သကြားနဲ့ ရော၍ ရေဆူအောင်ပြုတ်ပြီး အအေးခံကာ သောက်ပါက ကိုယ်လက်နာကျင် မှုတွေသက်သာ စေပါတယ်။ အကောင်းဆုံး ကတော့ ထန်လျှက်နဲ့ ရော၍ ပြုတ်သောက်ခြင်းပါပဲ။ အမျိုးသမီးတွက် ချည်းသက်သက် မဟုတ်ပါ။ အမျိုးသားများလည်း သောက်နိုင်သော ဆေးတစ်ခွက်ဖြစ်ပါတယ်။ 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpwnaOM6lyWG0klxlS1QHYZwWgpADKDXW7T1J1yOh5QdwyS5Rij44yCv-WSqCsDHVOkoOKa1BMIAn70Xl1O29DbwwQxehm4lE1xUY2bdUCk-m3bzkC8YkGWbN5qIag47UyVYLCn3EUCxW/s400/ginger+plants.JPG
Google Image
ဆာမိတို့ နိုင်ငံမှာဆိုလျှင် ဂျင်ဂျာတီး ဆိုပြီး ရောင်းကြပါတယ်။ ဂျင်းကို အစိမ်းစားခြင်းက ပြုတ်သောက်ခြင်းထက်ကောင်းပါတယ်။ အစိမ်းသုတ်စားလို ပါက ပါးပါးလှီးပြီး ဆားနဲ့နယ်ပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် ၎င်းဆားများအား ဆေးထုတ်၍ သုတ်စားနိုင်ပါတယ်။ အိုစိမ်ထားတဲ့ ဂျင်းကိုသုတ်စားပါက ခဲဆိပ့် များပါဝင်နိုင်ပါတယ်။ အကောင်းဆုံးအကြံပေးရင် မိမိကိုယ်တိုင် လတ်လတ်ဆတ် ဆတ်ဂျင်းကို ပါးပါးလှီး သုတ်စားတာအကောင်းဆုံးပါလို့ ပြောလိုက်ပါရစေ။

Wednesday, January 26, 2011

ဖတ်ခဲ့ဘူးသော ပုံပြင်လေးတစ်ပုဒ်

ကြားဖူးကြမှာပါ။ အသစ် အဆန်းတစ်ခုခုကို ရရှိပါက ဘယ်လို အသုံးအသုံးချမည်ကို မသိသူများအား မျောက်အုံးသီး ရတဲ့သူလို့ ပြောတတ် ကြပါတယ်။ ဖတ်ခဲ့ဘူးတဲ့ ဇာတ်လမ်းပုံပြင်က ဒီလိုပါ။
တစ်ခါတုန်းကပေါ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကိုရင်ကြီးတစ်ပါးရယ်၊ ကျောင်းသား တစ်ယောက်ရယ်၊ မျောက်တစ်ကောင်ရယ်ဟာ လှေကားတစ်ထစ်စီမှာ ထိုင်နေကြသတဲ့။ ဘုန်းကြီးကျောင်းဝင်းဆိုတော့ ပိန္နဲပင်၊ စုံပဒတ်ပင်၊ အုန်းပင်စတဲ့သီးပင်တွေရှိမှာပေါ့။ အဲဒီ တစ်ချိန်မှာ အုန်းသီးတစ်လုံးဟာ ကြွေကျသတဲ့။ အောက်ဆုံး အဆင့်လှေခါးမှာ ထိုင်နေတဲ့ မျောက်က အရင်ဆုံးပြေးသွားပြီး ကြွေကျတဲ့ အုံးသီးကိုသွားကောက်သတဲ့၊ ပြီးဘာလုပ်ရမှန်း မသိလို့ ခေါင်းနဲ့တိုက်လိုက်၊ မြေကြီးပေါ်မှာချလိုက်၊ ကြိမ်ဖန်များစွာ လုပ်နေသတဲ့၊ နောက်တော့ ကျောင်းသားကမနေနိုင်လို့ ထိုမျောက်ဆီကနေ လုယူ၍ ဓါးမနှင့် အုန်းခွံများကိုခွာ၍ ကိုက်စားသတဲ့လေ။ အခွံခွာလိုက် ကိုက်စားလိုက် ပစ်လိုက် လုပ်နေလိုက်တာနောက်ဆုံး အခွံများပြောင်သွား၍ အတွင်းအုန်းသီးဆံကိုသွားတွေ့တော့ "ဟင်း အုန်းသီးဆိုတာ ဘာများလဲမှတ်တယ်... အသားက ဖန်တွတွနဲ့ အစေ့ကလည်း အကြီးကြီးပဲ" ဟုဆိုပြီးလွင့်ပစ်လိုက်သတဲ့။ အဲဒီနောက်တော့ ကိုရင်ကြီးက "သြော်ငမိုက်သားတွေ" ဟုရေရွတ်ရင်း ကျောင်းသားလွင့်ပစ်ထားသော အုန်းသီးအား သွားကောက်၍ ခွဲစားလိုက်လေသတဲ့လေ။ (အောက်ပဗီဒီယိုလေးကိုကြည့်ပေါ့...မျောက်အုံးသီးရတယ်ဆိုတာ ဒီမျောက်ကတော့ စားရကောင်းမှန်းတော့ သိပုံရပါတယ်။)

Monday, January 24, 2011

ကျီးကန်းတစ်ကောင်နှင့် စကားပြောခြင်း


အားလပ်ရက်တစ်နေ့ ကျတော်ဟာ အပြင်ထွက် လမ်းသလားရန် အတွက် Nursery ရှေ့ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် ဘတ်စ်ကားအလာကို စောင့်မျှောက်လျှက်ရှိနေသည်။ ထိုစဉ် နောက်ဘက်ဆီမှ "ချွတ်ချွတ်' ဆိုသော အသံတစ်ခုလာ၍ လှည့်ကြည့်လိုက်ရာ ကျီးကန်း တစ်ကောင် သည်မည်သူစည်းကမ်းမဲ့ လွှင့်ပစ် ထားသည် မသိသော စားကြွင်း စားကျန် ကြက်ရိုးအား ခြေဖြင့်နင်းကာ နှုတ်သီးဖြင့် ပေါက်ကာစားနေ လေသည်။ ကျတော်နှင့် ထိုကျီးကန်းမှာ ဆယ်ပေလောက်သာ ကွာပါသည်။ ကျတော်ကပဲစတင်၍ "အာ...အာ" ဟုနှုတ်ဆက်စကားဆိုလိုက်လေသည်။
ကျီးကန်းမှ အံ့အားသင့်စွာ ကျတော်အားလှည့်ကြည့်လျှက်
ကျီးကန်း။               ဟာခင်ဗျားက ကျုပ်တို့ဘာသာစကားနားလည်လား။
ကျတော်။               ငါလား....တရုတ်၊ မလေး၊ အင်္ဂလိပ်၊ အနဲငယ်စီနဲ့ ကျီးကန်း၊ ချိုး၊ ကြောင်၊ ခွေး၊ ကြက်၊ စတဲ့ မာဃဓ ဘာသာစကားလည်းနဲနဲရပါတယ်။ ဒါတွေကသင်ထားရတယ်ကွ။ လောကကြီးမှာ ဒါတွေလိုအပ်တယ်။ ဒါနဲ့....မောင်ရင်က တစ်ကောင်တည်းပါလား။

ကျီးကန်း။               ဟုတ်တယ်ခင်ဗျ....ကျုပ်တစ်ကောင်တည်းပါ။ ကျန်တဲ့ကောင်တွေက မြစ်ဆိပ်ဘက်မှာ ငါးသွားဖမ်းစားကြတယ်။  ...၀မ်းရေးမလွယ်ပါဘူး။ ကျီးလန့်စာ စားပါပဲမဟုတ်လား။ စင်ကာပူက ကျုပ်တို့ ကျီးတွေကို သေနပ်နဲ့ ပစ်သတ်ကြတယ်ဗျာ။ ကျုပ်တို့ဘာများလုပ်မိလို့လဲ။ ကျီးသားချင်းစာနာ ထောက်ထား မှုမရှိလိုက်တာဗျာ။

ကျတော်။               အင်းဗျာ....ခက်တာပဲ။ မောင်ရင်တို့က အပုပ်အစပ် စားတဲ့ကောင်တွေဆိုတော့ မကြိုက်ဘူး နေမှာပေါ့။ နောက်ပြီး မောင်ရင်တို့က "အား...အား" လို့အော်တာ လဘ်ပိတ်တယ်လို့လည်း ပြောသံကြားဖူးတယ်။ မောင်ရင်တို့ "အား...အား...အစား.... ပါး...ပါး"လို့ပြောင်းအော်ကြည့်ပါလား၊ အဲဒိဆို သူတို့လက်ခံမယ်ထင်တယ်။

ကျီးကန်း။                   လွယ်ပါဘူးဗျာ.....ကျုပ်တို့ကမွေးကတည်းက "အား...အား" လို့အော်လာတာ။ ခင်ဗျား တို့ကြတော့ ကျုပ်တို့အော်ရင် ဧည့်လာတယ်ဆို အယူရှိတယ်မဟုတ်လား။ ခင်ဗျားတို့နိုင်ငံမှာပဲ ပျော်တယ်ဗျား။ ထန်းပင်တွေလည်းပေါမှပေါ။ ကျုပ်တို့အကြိုက်လေ...ထန်းပင်က။ ထန်းသီးပေါ် တက်နင်း လိုက်ရင် ထန်းသီးကြွေသွားတာကို...ခင်ဗျာတို့က ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့တောင် ဆိုကြတယ် မဟုတ်လား။ ကျုပ်တို့ကျီးတွေကို စကားထဲထည့်သုံးကြတယ်လေ၊ ကျုပ်တို့ဝမ်းသာတယ်။ ၀မ်းသာလို့အော် လိုက်အုံးမယ် "အား...အား"။

ကျတော်။                  တော်တော်လာတဲ့ကျီးပါလား....မောင်ရင်က ကျောင်းမနေဘူးလား။

ကျီးကန်း။                ကျုပ်ကတောမှာမွေးတာ၊ အမေက ကျုပ်ငယ်ငယ်ကတည်းဆုံးသွားတာ၊ ကျုပ်ကစာ မတတ်ဘူး၊ စကားပဲပြောတတ်တယ်။ ကျီးတက္ကသိုလ်လည်းမတက်ဘူးဗျ။ လမ်းဘေးက ကောင်တွေနဲ့ ပေါင်းပြီးကျုပ် လူဖြစ်လာတာ၊ ဒါကြောင့်ကျုပ် လူတွေအကြောင်းနဲ့ ကျီးတွေအကြောင်း ကောင်းကောင်း သိတာ။

ကျတော်။                မောင်ရင်တို့ ကျီးတွေက တစ်ကောင်နဲ့တစ်ကောင်ဘယ်လို ဆက်သွယ်လဲ။ ငါတို့ကတော့ အင်တာနက် စာမျက်နှာ တွေကနေ G-talk တို့ Facebook တို့ကနေဆက်သွယ်ကြတယ်ကွ။

ကျီးကန်း။                  ကျုပ်တို့မှာ လည်း ကျီး-Talk ရှိတယ်လေ။ တစ်ကောင်နဲ့တစ်ကောင် အား...အား လို့အော် လိုက်ရင် သူတို့သိပြီး။ ဟို ဥသြ ဆိုတဲ့ ကောင်တွေကလည်း အရောင်တူတယ်မဟုတ်လား။
ကျတော်။                အင်းသိပြီး.......Face to Face ပေါ့။
ကျီးကန်း။                ဟုတ်တယ်...ဟုတ်တယ်။
ကျီးကန်းမှ ကျတော်ပြောသော စကားအား သံယောင်ဖမ်းလိုက်ပြောလေသည်။
ကျီးကန်း။               ခင်ဗျားတို့ပြောပြောနေတဲ့ ကျီးကန်းတောင်းမှောက် ဆိုတာမှားနေတယ်။ အဲဒါလေး ပြန်ပြင်ကြပါလား။ ကျုပ်တို့ကျီးကန်းတွေက တောင်းတစ်လုံးလုံးကို တစ်ကောင်တည်း မမှောက်နိုင်ပါဘူး။
ကျတော်။                ဒါတော့ငါမသိဘူး။ ကျီးကန်းတောင်းမှောက် ဆိုတာ မျက်လုံးဂဏာ မငြိမ်ပဲ ဟိုကြည့် သည်ကြည့် လုပ်တာကိုဆိုလိုတာပါမောင်ရင်ရ။
ကျီးကန်း။                အော်...သိပါဘူးအာ....။
http://www.nps.gov/prsf/naturescience/images/crow.jpg
ထိုစဉ် ကျတော်စီးလိုသော ကားကြီးမှာ လှမ်းမြင်ရပြီဖြစ်၍....ထိုတောကျီးကန်းအား နှုတ်ဆက်ကာ ကားပေါ်သို့လှမ်းတက်၍ ထိုမှတ်တိုင်မှ ထွက်ခဲ့လေတော့သည်။

Saturday, January 22, 2011

မြင်ခဲ့ဘူးသောသရဲ တစ္ဆေ နှင့် ခြောက်ခံရသော သရဲ တစ္ဆေ ၁

http://www.sandrocastelli.com/works/blueghost.jpg သရဲ၊ တစ္ဆေအကြောင်း ပြောပါဆိုလျှင် ကျတော်ငယ်စဉ် လေးတန်းကျောင်းသားဘ၀က စရပါမယ်။ လေးတန်းကျောင်းသားဘ၀က သူရဲ တစ်ခါမြင် ဘူးပါသည်။ ထိုသရဲ (ငယ်ငယ်ကအခေါ်) သည်ကျတော့်အား ခြောက်သည်မဟုတ်၊ သူငယ်ချင်းမတစ်ယောက် အားဝင်ကပ်ခြင်းဖြစ်သည်။ တစ်ချို့သည် အယုံအကြည်မရှိပါ။ အပစ်မဟုတ်ပါ။ ကိုယ်တိုင်သော်လည်း ကောင်းတစ်ဦးတစ်ယောက်သော်၎င်း ပြောဆို၍ သရဲတစ္ဆေ ရှိကြောင်းကိုတော့ လူတိုင်းသိရှိမည်ဖြစ်ပါသည်။ လေးတန်းကျောင်းသားဘ၀က ညအိပ်ကျောင်း တက်ရပါသည်။ စစ်မေးပွဲကြီး ဖြေကာနီးအချိန်ပေါ့ဗျာ။ တစ်လခန့် ညအိပ် ကျောင်းတက်ရပါသည်။ တောကျောင်းဖြစ်လို့ ကျူရှင် တွေဘာတွေမရှိပါ။ ကျတော်တို့၏ ကျောင်းနောက်တွင် သနပ်ဖက်ပင်အိုကြီးတစ်ပင်ရှိပါသည။ လူကြီးတွေပြော ဖူးပါသည်။ ထိုသနပ်ဖက်ပင်အောက် သေးမပေါက်ဖို့။ သိုသော်ကျတော်တို့မှာ နားမထောင်ရကား ထိုသနပ်ဖက်ပင်အား အမြဲသေးပန်းလေ့ရှိသည်။ တစ်ညမှာ ကောင်မလေးတစ်ယောက်အား သူရဲဝင်ကပ်ပါတော့သည်။ ထူးဆန်းပါသည်။ သေးနဲ့ကော့ပန်း နေတာက ကျတော်တို့ မျောက်လောင်း တွေပါ။(လူဟာမျောက်ကဆင်း သက်လာ တာမဟုတ်လား...နောင်တစ်ကြိမ် မျေက်ပြန်ဖြစ်နိုင် ပါသည်) ကပ်တော့ ကောင်မလေးအား ကပ်ပါတော့သည်။ ထိုကောင်မလေးသည် အပေါ့အပါး သွားပြီးသည်နှင့် ကျောင်းပေါ် ပြန်မတက်ပဲ -ကျတော့် အားလုံခြည် လှန်ပြပါတော့သည်။ ကျတော်လန့်ဖြန့်သွား၏။ အကြောင်းမှာကား ထိုကောင်မလေးသည် ကျတော်နှင့် အမျိုးအနဲငယ်မျှ တော်စပ်သောကြောင့်ပါ။ ကျတော် ကျောင်းပေါ်သို့ အမြန်ပြန်တက်ကာ ထိုအကြောင်းဆရာအားပြောပြရာ ဆရာမှ 'အဲဒါဆိုငါသွားခေါ်မယ်....မင်းတို့တစ်ယောက်မှ ကျောင်းအောက် ပြန်မဆင်းနဲ့' လိုဆရာပြောတော့မှ ကျတော့်စိတ်ထဲ သရဲကိုသွား သတိရ၍ ကြက်သီးမွှေးညင်းများပင် ထသွားရ၏။ အဲနောက်ဆရာ့ အော်သံသဲ့သဲ့ကြားရ၏။ 'မင်းဘာလိုချင်လို့လဲ.....ကလေးတွေကိုနှောက်ယှက် တာလဲ...ခုထွက်သွား...နောက်ဘယ်တော့မှ ဒီလိုမလုပ်နဲ့....' 'ကြောက်ပါပြီး...နောက်မလာတော့ဘူး' စတဲ့သူရဲ နှင့်ဆရာအပြန်အလှန် ပြောဆိုသံများသာကြားရ၏။ စကားပြောဆိုသံမှာ ထိုကောင်မလေးမှ ပြော ချင်းဖြစ်ပါသည်။ သို့သော် ယောက်ျားကြီးတစ်ယောက်၏ အသံကဲသို့ပင်ကြီးမားပါသည်။ ထိုအကြောင်း နံနက် လင်းမှ ဆရာရှင်းပြပါသည်။ ကျတော်တို့ သနပ်ပင်ရင်း သေးသွားပေါက်၍ သရဲကြီး မနေနိုင်၍ ၀င်ကပ် ပြောခြင်းဖြစ်ပါသည်တဲ့။ (နောင်မှ သိရသည်မှာ ကျတော်၏ ဆရာမှာ ပဌာန်း ၂၄ ပစ္စည်းအား အကျယ်အမြဲ ရွတ်ဖတ်သူဖြစ်ကြောင်းနှင့်၊ မွေးဖွားစဉ်က ခြေထောက်မှ မွေးတဲ့သူဖြစ်ကြောင်း)။ ထိုကျောင်းနောက်တွင် စုန်း သရဲတစ္ဆေ စတဲ့မကောင်းဆိုးဝါးများရှိကြောင်း နောင်မှ သိရ၏။ ထိုစဉ်မှစ၍ သူတစ္ဆေ ရှိကြောင်းကို ယုံကြည် ခဲ့ရပါသည်။