Subscribe Twitter

Saturday, February 26, 2011

Youtube မှ မြန်မာဟာသဗီဒီယို

မည်သူတင်ထားသည်မသိ။ ထိုသူအားကျေးဇူးတင်၍ မဆုံးရှိတော့သည်။


ဟာသလေးတွေပါ

ဒါကတော့ဖတ်ဖူးတာပါ။
ဝိညဉ် နှစ်ဦးကောင်းကင်ဘုံတွင် ဆုံတွေ့ကြရာ.....

ပထမ ၀ိညဉ်။                 ခင်ဗျားက ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ
ဒုတိယ ၀ိညဉ်။              အံ့သြလွန်ပြီး သေလို့ရောက်လာတာပါ။
ပထမ ၀ိညဉ်။               ကျွန်တော်ကတော့ အအေးမိပြီးသေလို့ပါ။ ဆက်ပါအုံးခင်ဗျားအကြောင်းလေး
ဒုတိယ ၀ိညဉ်။              တစ်နေ့ကျွန်တော် အလုပ်ကပြန်လာတယ်။ အိမ်ခန်းဝလည်းရောက်ရော အထဲမှာ ကျွန်တော့် မိန်းမနဲ့ ယောက်ျားတစ်ရောက်ရဲ့ ရယ်သံတွေကြားရတယ်ဗျာ။ ဒါနဲ့အခန်းထဲရောက်လို့ လိုက်ရှာ ကြည့်တာ ဘယ်မှာမှ မတွေ့ဘူးဗျာ။ ဒါနဲ့အံ့သြလွန်ပြီးသေလာတာပါ။
ပထမ ၀ိညဉ်။               ဟာဗျာ.....ခင်ဗျားမှ ရေခဲသေတ္တာကို ဖွင့်မကြည့်တာ....ဟင့်။

ဒါကတော့ကြားဖူးတာပါ။

ရိုးလိုက်သည့်ချောင်းဝရွာသား

အရင်ကရွာများကို ကျန်းမာရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ကြရပါတယ်။ ကျေးလက် ဆေးခန်းတွေ မရှိခင်ကတေပါ့။ တစ်နေ့မှာ ချောင်းဝရွာသို့ ဆရာဝန်လေးနဲ့ အဖွဲ့ဟာစစ်ဆေးမှုတွေ ပြုလုပ်ကြပါတယ်။ ချောင်းဝရွာမှာ ကလေးမွေးဖွားမှုတွေ များနေလို့ သားဆက်ခြားကြဖို့ကို ဆရာဝန်လေး က သားဆက်ခြားနည်းများကို ပြောပြပါတယ်။ ရွာဖြစ်လို့ ဗူး(ဘူး) သီးစင်အောက်ပါပြုလုပ်ကြပါတယ်။ ဆရာ ၀န်းလေးက "ခင်ဗျားတို့ ယောကျာ်းတွေသားဆက်ခြားဖို့ ဒီရာဘာအစွတ်တွေကိုသုံး" ဟူ၍ပေးခဲ့လေသည်။
နောက် ၂ နှစ်ခန့်ကြာသော ထိုဆရာဝန်လေး နှင့်အဖွဲ့သည် ချောင်းဝရွာသို့ ထပ်မံရောက်ရှိကြာလေရာ ကလေးများတိုးမြဲတိုင်း တိုးနေ၍ "ခင်ဗျားတို့ကို ကျွန်တော် ပေးထားတဲ့ ရာဘာအစွတ် တွေမသုံးကြဘူးလား" ရွာသားတစ်ဦးမှ ထ၍ "သုံးတာပေါ့ဆရာရယ်...ညညကျွန်တော်တို့မှာ မြွေမကြောက်ကင်း မကြောက် ဘူးစင် အောက်မှာ သွားသွားစွတ်ရတာ" "ဟိုက်" ဟုတ်ပါသည် ထိုစဉ်က အလွယ်ဗူးစင်ဝါးလုံးစွန်းတစ်ခုတွင် စွတ်ပြလိုက်လေသောကြောင့် ဖြစ်ပါသည်။

သူငယ်ချင်းတစ်ယောက်မေးပို့ထားတာ

နားလည်မှု

ကျေးလက်ဒေသမှ တောင်သူဦးကြီးတစ်ယောက် ရန်ကုန်သို့လာလည်သည်...
ရန်ကုန်သို့ရောက်ပြီးနောက် ဘုရားသွားရန်အတွက် လိုင်းကားတက်စီးသည်...
ဘေးခုံတန်းတွင် တစ်နေရာစာထိုင်လို့ရနိုင်သည်ကို
တွေ့သဖြင့် ထိုင်နေသောမိန်းကလေးအား ပြောလိုက်သည်...
"သမီး...... ဟိုဘက်နည်းနည်းတိုးပါလား ...... အဘ ဖင်ကလေးချချင်လို့"
"ဘာ..... ရှင် ရိုင်းလှချည်လား ...... အသက်ကိုမှ အားမနာ... မဖယ်ပေးနိုင်ဘူး....
ဟွန်း.."
"ဒါဆိုလည်း ရပါတယ်ကွယ် .... အဘ နောက်ကပဲ တွယ်လိုက်တော့မယ်....."

မပြောချင်တော့ဘူး

သားသမီး ၈ ယောက်ရှိပြီး လက်ရှိကိုယ်ဝန် အမွှာပူးလွယ်ထားရသော လူနာအား ဆရာဝန်ကလေးက
မေးမြန်းနေသည်..
"ဒါ... ဘယ်နှစ်ယောက်မြောက်လဲ"
"၉ ယောက်မြောက်ပါဆရာ..."
"ဟင် ဟုတ်လား..... သားကြောမဖြတ်သေးဘူးလား ....... အမျိုးသားကဘာလုပ်သလဲ.."
"ဆရာရယ်... အမျိုးသားကဘာလုပ်သလဲဆိုတော့ ကျမ ကလေးတစ်ယောက်ပြီး
တစ်ယောက်မွေးနေတာသာ ကြည့်ပါတော့ရှင်.."

Friday, February 25, 2011

Facebook ကိုဖန်တီးသူတစ်ယောက်

ကျတော်တို့ ခု တမ်းတမ်းစြွဲဖစ်နေတဲ့ Facebook ကို တည်ထောင်တဲ့သူကတော့ Mr Mark Zuckerberg ပဲဖြစ် ပါတယ်။ မွေးနေ့ကတော့ မေ ၁၄၊ ၁၉၈၄ (၂၇) နှစ်ပဲဖြစ်တယ်။ အမေရိကန်လူမျိုးဖြစ်ပြီး ရှယ်ရာ- ၂၄% ကို ၂၀၁၀ ထိပိုင်ဆိုင်ထားပါတယ်။ Facebook ရဲ့ CEO လည်းဖြစ်ပါတယ်။ ကမ္ဘာအသက် အငယ်ဆုံး ဘီလီယံနာ အဖြစ် ၂၀၀၈ ခုနှစ်မှာ သတ်မှတ်ခဲ့ ပါတယ်။
သူ့ကို Add လို့ တော့မရပါ။ ဖျောက် ထားဟန်တူပါတယ်။ သူ့ဘ၀အကြောင်း စိတ်ဝင် စားဖို့ ကောင်းပါတယ်။ တစ်ခြားဆိုဒ် တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီမှာတော့ ကျတော်လည်း သိသလောက်ပဲ ရေးထားတာပါ။ သုံးစွဲသူဦးရေ သန်း ၅၀၀ ကျော်ထိရှိသွားပြီး ဖြစ်ပါသည်တဲ့။ ခုဆိုရင် Game တွေကအစ နိုင်ငံတိုင်းသုံးစွဲသူတွေ တစ်နေ့ နဲ့ တစ်နေ့ များပြားလာပါပြီ။ ဟုတ်မှာပါလေ။ 
http://img4.allvoices.com/thumbs/event/609/480/64015399-mark-zuckerberg.jpg
သူနဲ့ သူ့၏ချစ်သူ (Google Image)
ကျတော် လေ့လာကြည့်ရသလောက်တော့ တစ်ချို့ အကောင့်တွေဆို Add ထားတဲ့သူငယ်ချင်း နှစ်ထောင် ကျော်တောင်ရှိတယ်။ ကောင်းတဲ့ အချက်ရှိသလို မကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ တစ်ချို့အချက်အချက် လက်တွေ (မိမိကိုယ်ရေးကိုယ်တာ) အလွန်အကျူး မတင့်သင့်ပါ။ မည်သူမဆို ၀င်ရောက်ကြည့် နိုင်သည့် အတွက် တစ်ဖက်တွင် အန္တာရာယ် ရှိနိုင်ပါတယ်။ ကောင်းတဲ့သူတွေ ကိုတော့ မဆိုလိုပါ။

Thursday, February 24, 2011

အရာရာဟာ အကြောင်မဲ့မဟုတ်

        (၁)

နေ့တစ်နေ့ဟာ
အရင်ကအတိုင်း

         (၂)

သစ္စာရှိခြင်းမရှိခြင်းတွေ
အရင်ကအတိုင်း

        (၃)

ပျံသည့်ငှက်ပြန်နေဆဲ
အရင်ကအတိုင်း


        (၄)

ပြောင်းလဲမယ်လို့
ဆုံးဖြတ်လေတိုင်း
မှောင်မဲလာတဲ့ မာနတွေက
အင်္ဂါဂြိုလ်ကို ငေးမောရင်းနဲ့
သူအလာကိုစောင့်နေလျှက်။

Monday, February 21, 2011

Video ကနေ mp3 ပြောင်းတဲ့ဆောလ်ဝဲ

ဗီယိုမျိုးစုံကနေ mp3 ဒါမှမဟုတ် Video တစ်ခုခုကို ပြောင်းပေးတဲ့ ဆော့လ်ဝဲလေးပါ။ Any Video Conventer Ver 3.7 ပါ။ Crack ပါပူးတွဲပါလာပါတယ်။ ကျတော်တော့ တော်တော်လေးကြိုက်ပါတယ်။ အလကားရတာ မို့ပါ။ ကောင်းလည်း အတော်လေးကောင်းပါတယ်။
၁။ .rar ဖိုင်ကိုဖြေပါ။
၂။ ဖြေပြီးပါက Setup Folder အောက်က any-video-converter.exe ကို install လုပ်ပါ။
၃။ ပြီးရင် Crack Folder ထဲက VideoConvPro.exe ဖိုင်ကို သက်ဆိုင်ရာ Folder ထဲသို့ကူးထည့်ပါ။
၎။ ကျတော်ဆီမှာကတော့ Program Files (x86)\Anvsoft\Any Video Converter Professional\ ကိုပါ။
အောက်ကပုံကတော့ Install လုပ်ပြီးသွားရင် မြင်ရမယ့်ပုံပါ။
မူရင်းဒေါင်းရန်လင့်၊ Link1