Subscribe Twitter

Tuesday, July 20, 2010

မာယာမဲ့ချစ်သူတမ်းခြင်း

လမိုက်ည သန်းခေါင်ရံ
အလင်းမဲ့ မီးတိုင်အောက်
ကြိုပြတ်တဲ့ဂီတာတစ်လက်နဲ့
သံဇဉ်မဲ့ တေးသွားတစ်ပုဒ် ဟစ်ကြွေးခဲ့
အဓ္မိပ္စါယ်မဲ့ စားသားတွေကို
ဝိုးတ၀ါးရွတ်ဆိုလို့
သန်းခေါင်ရံညမှာ အိပ်ရေးပျက်ခဲ့တယ်လေ...
မိုက်ကယ်အိုဝင်ကိုမသိတဲ့ချစ်သူ
ဘင်လာဒင်ကို ကုလသမ္မဂအတွင်းရေးမှူးလို့ပြောတဲ့ချစ်သူ
ရှောက်သီးချဉ်၊ ငံစပ် ပြုံးပြ၍ စားပြတဲ့ချစ်သူ
ကိုးကိုးနတ်ဆိုတာ ၃၇ မင်းထဲကလားမေးခဲ့တဲ့ချစ်သူ
သနပ်ခါးဗကွက်ကျားနှင့် ဟန်ဆောင်ခြင်းကင်းတဲ့ချစ်သူ
မြို့ကိုမခင်တောကိုခင်တဲ့ချစ်သူ
ရုတ်တရက် နှုတ်မဆက်ပဲ.........ငွေတောင်ပြည်သူထွက်သွားလေပြီ။ ။