Subscribe Twitter

Monday, December 13, 2010

ချဉ်ပေါင်ရွက် Roselle

http://ahmadalikarim.files.wordpress.com/2008/11/roselle-mama.jpg?w=410&h=272
photo: Google Image
File:Mbo8.jpg ချဉ်ပေါင်ရွက်ဟာအနီနဲ့ အဖြူဆိုပြီး (၂) မျိုးရှိ ပါတယ်။ အဖြူကအချဉ်ဓာတ် အနဲငယ်သာပါပြီး အခါးဓာတ် ပိုများ ပါတယ်။ အဖြူကကြော်စားလျှင် ဆိပ့် သက်သက် အရသာရှိပါတယ်။ အချဉ်အရသာ နဲပါတယ်။ ပင်စည်မှာ ဆူးသေးသေးလေးတွေ ပါတတ်ပါတယ်။ အရွက်အနီကိုပဲ ကိုရွှေမြန်မာ တို့သဲခြေခိုက် ကြော်စား၊ ဟင်းချိုချက်သောက်၊ အသားငါးနဲ့ ရောချက် ဒီလောက်ပဲသိကြတာ များပါတယ်။ အသီးကိုတော့ လူတိုင်းစားဖူးမည် မထင်ပါ။ တောမှာနေတဲ့သူ(ကျွန်တော့်) လိုလူမျိုး ကတော့ စားဖူး ပါလိမ့်မည်။ အရွက်ကို ၀က်သား၊ ပုဇွန်ခြောက်အကောင်၊ အမှုန့်စသည်ဖြင့် ရော၍ ကြော်စားလျှင် လွန်စွာမှ အရသာရှိပါသည်။  ခုကျွန်တော်ပြောမှာက အသီးအကြောင်းပါ ချဉ်ပေါင် အနီ အရွက် ကိုတော့ စာအုပ်တွေမှာ ညွှန်းထားတာ မတွေ့ပါဘူး။ အသီးကို သူတို့ တွေ ဘယ်လိုစားလဲ ဆိုတာ ပဲတွေ့ရပါတယ်။ ကျွန်တော်သိတာက အသီး (ရင့်တဲ့)ကို နေပူမှာတစ်ရက်လှန်း၊ ပြီးမှ သကြား၊ ထန်းလျှက်တို့နဲ့ရောပြီးယိုထိုးစားတာ။ သူတို့ကဒီလိုမဟုတ်ပါ။ ချဉ်ပေါင်အသီး(ရင့်တဲ့)ခူးအလုံးလိုက် သကြား၊ ဆား အနဲငယ်ထည့်ပြီး ကြို၊ စပြီးဆူကာစမှာ မီးဖိုပေါ်ကချ၊ အအေးခံပြီးသောက်တာပါ။ ဖျော်ရည်လုပ် သောက်တယ်ပေါ့။ ဘာတွေများ ပါပါသလဲဆိုတော့ ဘီတာမင် ဘီအုပ်စုတွေပါဝင်ပါတယ်။ အရွက်ရင့်နဲ့ အသီးကို နေပူမှာအခြောက်လှန်း ပြီးလက်ဖက်ရည်လည်း လုပ်သောက်ကြပါတယ်။ ဒူးရင်းသီးစားပြီးပါက ဒီ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက် ပါက ဒူးရင်းသီးစားပြီး အပူကန်ခြင်း ကိုကာကွယ်နိုင်ပါသည်တဲ့ဗျာ။ အရွက်ဖြင့်ဖြင့် အသီးဖြင့်ဖြင့် သွေးတိုးရှိသူများ များများ စားလျှင်သွေးပေါင်ချိန်တက်နိုင်ပါတယ်။ ချောင်းဆိုးရင်ကြပ် နှင့်လည်းမသင့် တော်ပါ။
(ကျွန်တော်လည်းဖျော်သောက်ပါဦးမည်)ရသအတွေး

http://farm2.static.flickr.com/1312/1202446840_92620931e2.jpg
photo: Google Image
သိတဲ့နိုင်ငံတွေနဲ့ အခေါ်တွေပါ

Australia.Indian subcontinent, Tengamora in Assam, Gongura in Telugu, Pundi in Kannada,LalChatni or Kutrum in Mithila] Mathipuli in Kerala, chin baung in Burma, กระเจี๊ยบ krajeab in Thailand, bissap in Senegal, Guinea Bissau, Mali, Burkina Faso, Ghana, Benin and Niger, the Congo and France, dah or dah bleni in other parts of Mali, wonjo in the Gambia, zobo in western Nigeria (the Yorubas in Nigeria call the white variety Isapa (pronounced Ishapa)), Zoborodo in Northern Nigeria, Chaye-Torosh in Iran, karkade (كركديه; Arabic pronunciation: [ˈkarkade])[dubious ] in Egypt, Saudi Arabia, and Sudan, omutete in Namibia, sorrel in the Caribbean and in Latin America, Flor de Jamaica in Mexico, Saril in Panama, rosela in Indonesia, asam paya or asam susur in Malaysia. In Chinese it is 洛神花 (Luo Shen Hua) . In Zambia the plant is called lumanda in ciBemba, katolo in kiKaonde, or wusi in chiLunda. In certain West Indian islands, Grenada, for example, it is called Sorrel.