Subscribe Twitter

Tuesday, October 5, 2010

ရယ်စရာဗီဒီယိုများ.၂....Youtube မှ


ခွေး ၊ ကြောင် လျှော်စက်.....ထူးဆန်းပါပေ့



လူ ခွေး ပြကွက် (မျက်စိကိုနောက်နေတာပဲ)

သူငယ်ချင်းအတွက်.....ကာရံမဲ့ ၂
















ပင်လယ်ဟာကွေ့ကောက်ခြင်း
မာယာတွေနဲ့ စီဆင်းတယ်
တိမ်တွေဟာ ပြာလဲ့လဲ့ကောင်းကင်အောက်မှာ
မာယာများနဲ့ ငိုခြင်းဖွဲ့တယ်

 =+=+=+=+=+=+=+=+=+

တစ်တစ်တူးငှက်ဟာ မိုးပြိုမှာကြောက်လို့တဲ့
ခြေနှစ်ချောင်းမိုးပေါ်ထောင်အိပ်သတဲ့လေ
ငါဟာလည်း တိမ်တွေငိုမှာကြောက်လို့
နင့်ရဲ့ထီးအောက်ငါရောက်ခဲ့တယ်

 =+=+=+=+=+=+=+=+=+
ရေတွက်လို့မရတဲ့မင်းရဲ့မာယာတွေ
ကောင်းကင်ပြာပြာအောက်နင်ရယ်ငါရယ်
နှစ်ယောက်ထဲရှိတယ်တဲ့လေ
ကမ္ဘာကြီးလုံးတာပြားတာနင်မစဉ်စားနဲ့
ငါနဲ့နင်နဲ့ဘ၀အတွက်သာစဉ်းစားတဲ့
နင်ပြောခဲ့တဲ့စကားသံအောက်
ငါတစ်ယောက်အသံပျောက်
ပုတ်သင်ညိုလိုခေါင်းညိတ်ခဲ့တယ်လေ

 =+=+=+=+=+=+=+=+=+

လှည့်စားခြင်းထီးကိုဆောင်းပြီး
တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ငါဘ၀ရဲ့
ပဲနိဒေါ်လာလေးတွေကို
နင့်ရဲ့ကောက်ကျစ်ခြင်းကျောသိုင်းအိတ်ထဲကိုရောက်ပြီးမှ
နင်ရယ်ငါရယ် ဘ၀အမေသဘောမတူလို့တဲ့
အမေ့စကားငါနားထောင်လိုက်တယ်
ကျေးဇူးပါနင်ရယ်တဲ့။         ။
ရောက်ရှိတဲ့ဘ၀ကံကောင်းပါစေလို့ ငါလေဆုတောင်းလိုက်တယ်