Subscribe Twitter

Monday, November 29, 2010

အပြင်းပြေသီချင်း

ကျွန်တော်ရေးထားသော စားသားအား အစားထိုး၍ အပြင်ပြေသီးချင်း ဆိုကြည့်ပါ။
ရေချိုးခန်းမှာဆိုဆို၊ ထမင်းချက်ရင်းပဲဆိုဆို၊ ဟိုဒင်းပြုရင်းပဲဆိုဆို....
မူရင်းအဆို - R ဇာနည်


တခါတလေ ကန်ဇွန်းရွက်ကြော်စားတယ်...
တခါတလေ ကြက်ဥကြော်စားတယ်....
တခါတလေ စားမရခြင်းများစွာ...
ငါဟာ စားချင်စိတ်များစွာနဲ့
ဟင်းကောင်းကိုရှာ......

တခါတလေ ပဲပြုတ်ကြော်စားတယ်...
တခါတလေ ငပိရည်နဲ့စားတယ်....
တခါတလေ ခေါက်ဆွဲပြုတ်စားတယ်....
ငါဟာ ပါးစပ်ပေါက်များစွာနဲ့ စကားပြောနေတယ်.....

ဟင်းကောင်းတစ်ခွက်ကို အမြဲတမ်းရှာမတွေ့နိုင်
စားချင်တာကိုရိုက်ချိုးပြီး
စားသင့်တာကိုရင်မှာပိုက်လို့
ဒီဝမ်းမီ...ဒီဝမ်းမီးအတွက်
ဟိုနဲနဲဒီနဲနဲ...မျိုမျိုချလိုက်....

တခါတလေ အပေါင်းအသင်းနဲ့စားတယ်....
တခါတလေ တစ်ယောက်ထဲလည်းစားတယ်...
တခါတလေ ကုန်ဆင်းလိုက်စားတယ်....
ငါဟာ စားခြင်စိတ်များစွာနဲ့
ဝက်သားဟင်းကိုရှာ..........

တခါတလေ ဒံပေါက်နဲ့စားတယ်
တခါတလေ ကာရီနဲ့စားတယ်
တခါတလေ မြေပဲနဲ့စားတယ်
ငါဟာခံတွင်းပျက်ခြင်းများစွာနဲ့
ဟင်းကောင်းတစ်ခွက်ကိုရှာ....

မူရင်းအဆို-စိုင်းထီးဆိုင်


ပန်းဆိုးကိုရောက်တိုင်းလည်း ပွဲစားလေးတွေက
ပတ်စ်ပို့လုပ်မလားလို့မေးကြတယ်
လမ်းတကာလျှောက်တိုင်းလည်း
ပွဲစားကြီးတွေက ရှိုးဂျော့လားလို့စကြတယ်
အို..အို...နေရာချင်းတော့မလဲပါဘူး
ရွှေဗမာတစ်ယောက်ဖြစ်ရတာ
ဂုဏ်ယူပါတယ်ကွာ...
ဒါပေမယ့်လည်း...ဖောရိမ်းရောက်ရွှေတစ်ယောက်ရဲ့အဖြစ်ဟာမလွယ်ပါလား..
အလုပ်တွေကိုကြည့်တိုင်းလည်း..ပွဲစားကြီးတွေက
ဒေါ်လာများများကြိုက်သလားတဲ့
အင်တာနက်ဆိုင်ထိုင်းတိုင်းလည်း
ဆိုင်ပိုင်ရှင်တိုင်းက pifingo သုံးမလားမေးကြတယ်
အို..အို...နေရာချင်းတော့မလဲပါဘူး
ရွှေဗမာတစ်ယောက်ဖြစ်ရတာ
ဂုဏ်ယူပါတယ်ကွာ...
ဒါပေမယ့်လည်း...ဖောရိမ်းရောက်ရွှေတစ်ယောက်ရဲ့အဖြစ်ဟာမလွယ်ပါလား..
Foodcourt တွေထိုင်တိုင်းလည်း
စားပွဲထိုးမတွေက သွားဖြဲပြပြီးကြည့်ကြတယ်(ကြာကြာထိုင်လို့)
Shopping ထွက်တိုင်းလည်း
အရောင်းစာရေးမတွေက ခပ်မာမာနဲ့ဟောက်ထုတ်တယ် (ဟိုကိုင်ဒီကိုင်နဲ့မ၀ယ်လို့)
အို..အို...နေရာချင်းတော့မလဲပါဘူး
ရွှေဗမာတစ်ယောက်ဖြစ်ရတာ
ဂုဏ်ယူပါတယ်ကွာ...
ဘယ်လောက်နှိမ်ပေမယ့်လည်း
မထူးတဲ့အကြောင်းကိုတော့
ပီအာ (PR) နဲ့တိုင်းတာပြခဲ့တယ်
စီတီဇင်တစ်ယောက် ကို
ရွှေဗမာနဲ့ မတူအချက်ထက်
အပိုတွေကြွားကာပြခဲ့တယ်
ဒါပေမယ့်လည်း....ငွေဂုဏ်မရှိတော့ရည်းစားမရှိ
မအောင်နိုင်သေးတော့ယောက္ခမမရှိ
ခင်စရာတွယ်စရာမဲ့
အို..နောက်ဆုံးတော့...ဖောရိမ်းရောက်
ရွှေဗမာတစ်ယောက်ရဲ့အဖြစ်ဟာမလွယ်ပါလား