Subscribe Twitter

Wednesday, September 1, 2010

လူ့သဘောရယ်


ခပ်တည်တည်နေတော့
လူတွေကပြောတယ်
မာနကြီးတစ်ခွဲသားနဲ

မျက်နှာကြောတင်းတယ်တဲ့လေ

ရွှင်ပြတဲ့မျက်နှာပေးနဲ့
နေပြန်တော့
ပြောင်စပ်စပ်နဲ့
ပေါကိုပေါတယ်တဲ့လေ

အကူအညီပေးတာကို
ကပ်ဖားရပ်ဖားလုပ်တယ်တဲ့လေ

လိုက်လျောညီထွေနေပြန်တော့
အမြင်ကပ်ဖို့ကောင်းတယ်တဲ့လေ

အဲဒါနဲ့.......လောကကိုစိတ်ကုန်လို့
လောကုတ္တရာဘက်ပြောင်းတယ်လား
ကြည့်လေ....သူတောင်လိမ္မာသွားပြီတဲ့လေ
လူတွေအကြောင်းပေါင်းကြည့် စရာမလို
စောင်းကြည့်ရင်သိ သင်မသိကသင့်လူညံ့။     ။