Subscribe Twitter

Monday, January 24, 2011

ကျီးကန်းတစ်ကောင်နှင့် စကားပြောခြင်း


အားလပ်ရက်တစ်နေ့ ကျတော်ဟာ အပြင်ထွက် လမ်းသလားရန် အတွက် Nursery ရှေ့ဘတ်စ်ကားမှတ်တိုင် တစ်ခုတွင် ဘတ်စ်ကားအလာကို စောင့်မျှောက်လျှက်ရှိနေသည်။ ထိုစဉ် နောက်ဘက်ဆီမှ "ချွတ်ချွတ်' ဆိုသော အသံတစ်ခုလာ၍ လှည့်ကြည့်လိုက်ရာ ကျီးကန်း တစ်ကောင် သည်မည်သူစည်းကမ်းမဲ့ လွှင့်ပစ် ထားသည် မသိသော စားကြွင်း စားကျန် ကြက်ရိုးအား ခြေဖြင့်နင်းကာ နှုတ်သီးဖြင့် ပေါက်ကာစားနေ လေသည်။ ကျတော်နှင့် ထိုကျီးကန်းမှာ ဆယ်ပေလောက်သာ ကွာပါသည်။ ကျတော်ကပဲစတင်၍ "အာ...အာ" ဟုနှုတ်ဆက်စကားဆိုလိုက်လေသည်။
ကျီးကန်းမှ အံ့အားသင့်စွာ ကျတော်အားလှည့်ကြည့်လျှက်
ကျီးကန်း။               ဟာခင်ဗျားက ကျုပ်တို့ဘာသာစကားနားလည်လား။
ကျတော်။               ငါလား....တရုတ်၊ မလေး၊ အင်္ဂလိပ်၊ အနဲငယ်စီနဲ့ ကျီးကန်း၊ ချိုး၊ ကြောင်၊ ခွေး၊ ကြက်၊ စတဲ့ မာဃဓ ဘာသာစကားလည်းနဲနဲရပါတယ်။ ဒါတွေကသင်ထားရတယ်ကွ။ လောကကြီးမှာ ဒါတွေလိုအပ်တယ်။ ဒါနဲ့....မောင်ရင်က တစ်ကောင်တည်းပါလား။

ကျီးကန်း။               ဟုတ်တယ်ခင်ဗျ....ကျုပ်တစ်ကောင်တည်းပါ။ ကျန်တဲ့ကောင်တွေက မြစ်ဆိပ်ဘက်မှာ ငါးသွားဖမ်းစားကြတယ်။  ...၀မ်းရေးမလွယ်ပါဘူး။ ကျီးလန့်စာ စားပါပဲမဟုတ်လား။ စင်ကာပူက ကျုပ်တို့ ကျီးတွေကို သေနပ်နဲ့ ပစ်သတ်ကြတယ်ဗျာ။ ကျုပ်တို့ဘာများလုပ်မိလို့လဲ။ ကျီးသားချင်းစာနာ ထောက်ထား မှုမရှိလိုက်တာဗျာ။

ကျတော်။               အင်းဗျာ....ခက်တာပဲ။ မောင်ရင်တို့က အပုပ်အစပ် စားတဲ့ကောင်တွေဆိုတော့ မကြိုက်ဘူး နေမှာပေါ့။ နောက်ပြီး မောင်ရင်တို့က "အား...အား" လို့အော်တာ လဘ်ပိတ်တယ်လို့လည်း ပြောသံကြားဖူးတယ်။ မောင်ရင်တို့ "အား...အား...အစား.... ပါး...ပါး"လို့ပြောင်းအော်ကြည့်ပါလား၊ အဲဒိဆို သူတို့လက်ခံမယ်ထင်တယ်။

ကျီးကန်း။                   လွယ်ပါဘူးဗျာ.....ကျုပ်တို့ကမွေးကတည်းက "အား...အား" လို့အော်လာတာ။ ခင်ဗျား တို့ကြတော့ ကျုပ်တို့အော်ရင် ဧည့်လာတယ်ဆို အယူရှိတယ်မဟုတ်လား။ ခင်ဗျားတို့နိုင်ငံမှာပဲ ပျော်တယ်ဗျား။ ထန်းပင်တွေလည်းပေါမှပေါ။ ကျုပ်တို့အကြိုက်လေ...ထန်းပင်က။ ထန်းသီးပေါ် တက်နင်း လိုက်ရင် ထန်းသီးကြွေသွားတာကို...ခင်ဗျာတို့က ထန်းသီးကြွေခိုက် ကျီးနင်းခိုက်လို့တောင် ဆိုကြတယ် မဟုတ်လား။ ကျုပ်တို့ကျီးတွေကို စကားထဲထည့်သုံးကြတယ်လေ၊ ကျုပ်တို့ဝမ်းသာတယ်။ ၀မ်းသာလို့အော် လိုက်အုံးမယ် "အား...အား"။

ကျတော်။                  တော်တော်လာတဲ့ကျီးပါလား....မောင်ရင်က ကျောင်းမနေဘူးလား။

ကျီးကန်း။                ကျုပ်ကတောမှာမွေးတာ၊ အမေက ကျုပ်ငယ်ငယ်ကတည်းဆုံးသွားတာ၊ ကျုပ်ကစာ မတတ်ဘူး၊ စကားပဲပြောတတ်တယ်။ ကျီးတက္ကသိုလ်လည်းမတက်ဘူးဗျ။ လမ်းဘေးက ကောင်တွေနဲ့ ပေါင်းပြီးကျုပ် လူဖြစ်လာတာ၊ ဒါကြောင့်ကျုပ် လူတွေအကြောင်းနဲ့ ကျီးတွေအကြောင်း ကောင်းကောင်း သိတာ။

ကျတော်။                မောင်ရင်တို့ ကျီးတွေက တစ်ကောင်နဲ့တစ်ကောင်ဘယ်လို ဆက်သွယ်လဲ။ ငါတို့ကတော့ အင်တာနက် စာမျက်နှာ တွေကနေ G-talk တို့ Facebook တို့ကနေဆက်သွယ်ကြတယ်ကွ။

ကျီးကန်း။                  ကျုပ်တို့မှာ လည်း ကျီး-Talk ရှိတယ်လေ။ တစ်ကောင်နဲ့တစ်ကောင် အား...အား လို့အော် လိုက်ရင် သူတို့သိပြီး။ ဟို ဥသြ ဆိုတဲ့ ကောင်တွေကလည်း အရောင်တူတယ်မဟုတ်လား။
ကျတော်။                အင်းသိပြီး.......Face to Face ပေါ့။
ကျီးကန်း။                ဟုတ်တယ်...ဟုတ်တယ်။
ကျီးကန်းမှ ကျတော်ပြောသော စကားအား သံယောင်ဖမ်းလိုက်ပြောလေသည်။
ကျီးကန်း။               ခင်ဗျားတို့ပြောပြောနေတဲ့ ကျီးကန်းတောင်းမှောက် ဆိုတာမှားနေတယ်။ အဲဒါလေး ပြန်ပြင်ကြပါလား။ ကျုပ်တို့ကျီးကန်းတွေက တောင်းတစ်လုံးလုံးကို တစ်ကောင်တည်း မမှောက်နိုင်ပါဘူး။
ကျတော်။                ဒါတော့ငါမသိဘူး။ ကျီးကန်းတောင်းမှောက် ဆိုတာ မျက်လုံးဂဏာ မငြိမ်ပဲ ဟိုကြည့် သည်ကြည့် လုပ်တာကိုဆိုလိုတာပါမောင်ရင်ရ။
ကျီးကန်း။                အော်...သိပါဘူးအာ....။
http://www.nps.gov/prsf/naturescience/images/crow.jpg
ထိုစဉ် ကျတော်စီးလိုသော ကားကြီးမှာ လှမ်းမြင်ရပြီဖြစ်၍....ထိုတောကျီးကန်းအား နှုတ်ဆက်ကာ ကားပေါ်သို့လှမ်းတက်၍ ထိုမှတ်တိုင်မှ ထွက်ခဲ့လေတော့သည်။