Subscribe Twitter

Wednesday, September 22, 2010

ပညတ် နဲ့ ပရမတ်




      သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းခုံရင်းရေးဖြစ်တာပါ။ ကျွန်တော်ဓမ္မစာတွေအရင်က ကလောင်တစ်ခုနဲ့ ရေးဖူး ပါတယ်။ ဓမ္မာစရိယ တစ်ယောက်မဟုတ်တဲ့အတွက် သူတို့လောက်တော့ မသိပါဘူး။ ပညတ်အကြောင်း ပရမတ် ကို အသေးစိတ်သိချင်ရင်တော့ ၀ိသုဒ္ဒိမဂ် မြန်မာပြန်စာအုတ်ထဲမှာ ဖတ်နိုင်ပါတယ်။

ပညတ်ဆိုတာ အမှန်တကယ်ရှိတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မရှိသော အရာကိုပညတ်ဟုခ်ါသည်။

ဥပမာ ဇွန်းကို ခတ်စရာလို့ခေါ်လည်းရတယ်။ မွေးကာစ ခလေးတစ်ယောက်ကို မောင်ဘ၊ အသားမဲပါက မောင်မဲ၊ အသားဖြူပါက မောင်ဖြူ ပေးသလို အဲဒါတွေဟာပညတ်တွေပါပဲ။  ဒီထက်ရှင်း အောင်ကျွန်တော် မပြောပြတတ်ပါ။ ပညတ်ပရမတ်ကွဲလျှင် အတ္တ အနတ္တ သေချာသိပါပြီ။ ရုပ်-နာမ်ကွဲပါပြီ။ ရုပ် နာမ်ကွဲ လျှင် နိဗ္ပာန် သို့ရောက်ဖို့မဝေးတော့ပြီ။

ပရမတ်ဆိုတာ  အမှန်တကယ်မရှိဘူးလို့ထင်ရပေမယ့် အမှန်တကယ်ရှိသောအရာကိုခေါ် ပါသည်။

ပရမတ်ကြတော့ မြတ်စွာဘုရားဟော တရားတော်များကို ပိုင်းခြားသိသောအသိပင်ဖြစ်သည်။ နာမ် ရုပ်ကွဲပြားသော ဉာဏ် နာမရူပရိတ္ဆေဒဉာဏ်ကဲ့သိုသော ဉာဏ်၊ ထိုထက်ပိုသိသော ဉာဏ်များကို ကျင့်သိဖြစ်ရရှိ သိရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်သိသော အသိအားရေးထားခြင်းသာဖြစ်ပါသည်
ၦၦႎႎ