Subscribe Twitter

Friday, December 10, 2010

သရဏဂုံမတည်ကြသူများ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
Photo-Google

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သဃံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
ဓမ္မံ တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
သဃံ သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)

သရဏဂုံသုံးပါးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါ၏။ သို့သော် တည်ခြင်းမတည်ခြင်း မိမိကိုယ်မိမိသာ အသိဆုံးပါ။ မြတ်စွာဘုရားရှင်လက်ထက် မြတ်စွာဘုရားတရားတော် တပုဒ်ဆုံးလျှင် အနည်းဆုံး ထောင်သောင်း မကသော လူ၊ နတ်၊ ဗြဟ္မာအများ သရဏဂုံ တည်သွားကြပါသည်။ ရှေးပဝေသဏီကမှား ခဲ့ကြသော အယူမှား မိစ္ဆာဒိဌိအယူများ ချက်ခြင်းပျောက်၍ မြတ်စွာဘုရားအပေါ်သော်လည်းကောင်း၊ မြတ်စွာဘုရားဟောကြားသော တရားတော်အပေါ်တွင်သော်လည်းကောင်း မြတ်စွာဘုရားရှင်၏ တပည့် သာဝကများအပေါ်တွင်လည်းကောင်း ယုံမှားခြင်းအယူများပျောက်ကွယ်၍​ သရဏဂုံတည်သွားကြ၏။ ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ကြကုန်၏။ သရဏဂုံတည်ခြင်းသည် တစ်ခြားတစ်ခြားသော ဘာသာတို့ အပေါ်သက်ဝင်ယုံကြည်မှု အလျင်းမရှိစေရ။ မရှိတော့ပါ။ မြဲမြံသောသက်ဝင်ယုံ ကြည်မှုကိုခေါ်ခြင်းလည်း ဖြစ်ပါသည်။ ကွယ်လွန် သွားသော သူအား သရဏဂုံတင်၍ ထိုသူ(နာမ်မဲ့) မရပါ။ ထိုသူသည် ဘာသာခြားဖြစ်ပါက ပို၍သာမရနိုင်ပါ။ ဘာကြောင့် ပြုလုပ်နေကြပါသလဲ။ ထိုကွယ်လွန်သောသူ မရပါက လိုက်ပါပို့ဆောင်သူများ သူနှင့်ပတ်သက်သော ဘုံစဉ်ခြားများရနိုင်လို့ပါ။ အသိသည်လွန်စွာအရေးကြီးပါ၏။ (အ၀ိဇ္ဖာ) မသိမှုကြောင့်မိုက်မှားကြ၏။ အယူမှားကြ၏။ ထိုအယူမှားကို မှားမှန်းသိလျှက်နဲ့ ရှေ့တိုးသွားပါက ထိုထက်မိုက်မဲသောသူ မရှိနိုင်တော့ပါ။ သရဏဂုံတည်ခြင်းမှာ သုံးပါးပြည့်စုံမှပိုမှန်ပါမည်။ ဘုရားတော့ ကန်တော့ပါတယ်၊ တရားလည်းအားထုတ်တယ် နာယူတယ် ရွတ်ဖတ်တယ်၊ သံဃာကို သတ်ရင်တော့ ထိုသူဟာ လားရာဂတိ အ၀ီစိပါ။ ရွှေကျောင်းဆောက်လှူလည်း အပ္ပါယ်က လွတ်နိုင်မည်မဟုတ်။ မြတ်စွာ ဘုရား၏ သာသနာအဓွန့်ရှည်ရန်မှာ မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကို စောင့်ရှောက်ဖို့ သံဃာတော်များရှိရန်လိုပါသည်။ နောက်ဆုံး သရဏဂုံတည်ခြင်းသည် မိမိဘာသာအပေါ် ယုံကြည်စွာ သက်တဆုံး ယုံကြည်စွာကိုးကွယ်ခြင်းပါလို့ ပြောလိုက်ပါရစေ၏။ (ရသအတွေး)

Basic HTML ( 10 )

Scroll Box ပြုလုပ်နည်း
၁။ border: 1px လိုင်းအထူကို 1 px ပဲထားတယ်
၂။ solid Blue လိုင်းအရောင်ကို အပြာရောင်ထားတယ်
၃။ height: 100px; width: 150px အနံ အလျားကို ၁၀၀ ၊ ၁၅၀ ထာ;တယ်
၎။ background-color: yellow နောက်ခံအရောင်ကို အ၀ါရောင်ထားတယ်

<div style="border: 1px solid Blue; overflow: auto; height: 100px; width: 150px; color: black; background-color: yellow;"> တိမ်ညိုညို မာယာများနှင့်
ငိုခြင်းဖွဲ့တယ်
စကားလုံးမရှိတဲ့ ကောင်းကင်တဲ့
ဘယ်သူပြောလဲ
ကောင်းကင်ပေါ်ကပြွတ်သိပ်စွာ
ကျလာတဲ့ မင်းရဲ့စကားလုံးနဲ့
ငါနှလုံးသား ပြာဖြစ်တော့မယ်
မနက်ဖန်မှာတိမ်တွေငိုဦးမှလား။
</div>
ဒီအတိုင်းပေါ်လာပါမယ်

တိမ်ညိုညို မာယာများနှင့်
ငိုခြင်းဖွဲ့တယ်
စကားလုံးမရှိတဲ့ ကောင်းကင်တဲ့
ဘယ်သူပြောလဲ
ကောင်းကင်ပေါ်ကပြွတ်သိပ်စွာ
ကျလာတဲ့ မင်းရဲ့စကားလုံးနဲ့
ငါနှလုံးသား ပြာဖြစ်တော့မယ်
မနက်ဖန်မှာတိမ်တွေငိုဦးမှလား။