Subscribe Twitter

Thursday, September 16, 2010

ဆေးမရှိသောရောဂါ

မင်းရဲ့ Facebook က
အကြည့်မလွတ်တဲ့ မျက်နှာပေးနဲ့
ငါမယုံရဲဘူး

မင်းရဲ့လူတိုင်းကို Share ဝေငှ
Download လုပ်ခွင့်တွေပေးနေတော့
ငါမယုံရဲဘူး

ငါက Freeware တွေ
သုံးပေမယ့် ငါမှာ
Anti Virus ရှိတယ်

ဒါကြောင့်ငါ............
Copyright လိုင်စင်ပါတဲ့
Software ကိုပဲသုံးတော့မယ်။     ။