Subscribe Twitter

Tuesday, August 10, 2010

သူငယ်ချင်းအတွက်.....ကာရံမဲ့

သူငယ်ချင်း...
မင်းနှလုံးသားချိုးဖဲ့ခံရပေမယ့်
ခန္နာကိုယ်တော့ကျန်ပါသေးတယ်
တကယ်တော့
နှလုံးသားဟာခန္နာကိုယ်ရဲ့
အစိတ်ပိုင်းတစ်ခုပါ။
မင်းချစ်သူပေးတဲ့ဒဏ်ရာက

ကလိုရင်း ငွေ့လောက်မပြင်းပါဘူး
မင်းရင်ထဲပူလောင်နေတာဟာ
ယူရေနီယံသတ္တု လောက်
မပြင်းပါဘူး။
မင်းချစ်သူက အချစ်ကို
ဆောလ်ဝဲတစ်ခုလို Install လုပ်လိုက်
Uninstall လုပ်လိုက် သဘောပါ။
သက်တမ်းကုန်သွားတဲ့
ဗိုင်းရပ်ဆော့လ်ဝဲ လို့သာသဘောထားပါ။