ကြက်သွန်ဖြူ
|
Google Image |
ကြက်သွန်ဖြူကို
Allium sativum, ဒါမှမဟုတ်
Garlic လို့ခေါ်ပါတယ်။ လူတိုင်းသိနေဒါကြောင့် ကျတော်လည်း ဆေးဖက်ဝင်သည့် အကြောင်းပဲ သိသလောက်ရေးမှာပါ။ ပိုပြီးပြည့်စုံစွာ သိချင်ပါတယ်ဆိုရင်တော့ ဆရာ ဦးခင်မောင်လွင် (fame) ရေးထားတဲ့ စားအုပ်မှာ ဖတ်ပါ။ အောက်ပါဇယားလေး ကတော့ http://en.wikipedia.org/wiki/Garlic ကကူထားတာပါ။
Nutritional value per 100 g (3.5 oz) |
Energy | 623 kJ (149 kcal) |
Carbohydrates | 33.06 g |
Sugars | 1.00g |
Dietary fiber | 2.1 g |
Fat | 0.5 g |
Protein | 6.39 g |
beta-carotene | 5 μg (0%) |
Thiamine (Vit. B1) | 0.2 mg (15%) |
Riboflavin (Vit. B2) | 0.11 mg (7%) |
Niacin (Vit. B3) | 0.7 mg (5%) |
Pantothenic acid (B5) | 0.596 mg (12%) |
Vitamin B6 | 1.235 mg (95%) |
Folate (Vit. B9) | 3 μg (1%) |
Vitamin C | 31.2 mg (52%) |
Calcium | 181 mg (18%) |
Iron | 1.7 mg (14%) |
Magnesium | 25 mg (7%) |
Phosphorus | 153 mg (22%) |
Potassium | 401 mg (9%) |
Sodium | 17 mg (1%) |
Zinc | 1.16 mg (12%) |
Manganese 1.672 mg |
|
Selenium 14.2 μg |
|
ကြက်သွန်ဖြူကို ဟင်းချက်စားခြင်းက ဒီအတိုင်းစားချင်က ပို၍အာနိသင်ရရှိစေမှာပါ။ ဆေးဖက်ဝင်ပုံကတော့ အစာအိမ် မကောင်းတဲ့သူများအနေဖြင့် (လေချဉ်ခဏခဏတက်သောသူများ) ပျားရည်နဲ့ ရော၍ စားနိုင် ပါတယ်။ လေအောင့်တတ်သူများကတော့ အစိမ်းကို အနည်းငယ်ထုထောင်း၍ ဆားရည်ထဲ စိမ်စား နိုင်ပါတယ်။ ကြော်လှော်ထားသော ကြက်သွန်ဖြူသည် အဟာရဓာတ် အပြည့်အစုံမရရှိနိုင်ပါ။ ဥကြီးနဲ့ ဥသေးတွင် ဥသေးက ပို၍အာနိသင်ရှိပါတယ်။ တစ်နေ့ တစ်ခြမ်းခန့်(ဥသေး) စားသုံးသင့်ပါတယ်။
ကြက်သွန်နီ
|
Google Image |
|
ကြက်သွန်နီလည်းထို့နည်း၎င်းပါပဲ ၊ ကျတော်သိတဲ့ ဆေးနည်းလေး ပြောရရင် တော့ ရုတ်တရက် ဓားထိတာ စတာတွေကို ဥရဲ့ဖင်ပိုင်း အမြစ်ပါတဲ့ ပိုင်းကို လှီးဖြတ်ပြီး အဖြူရောင်အစေးတွေကို သုတ်ပေးခြင်းဖြင့် အနာ မြန်မြန်ကျက် စေပါတယ်။ ခွေးကိုက်ပါက ဆေးထိုးရန် မလွယ်တဲ့ နေရာမှာ ဖြစ်ရင် ကြက်သွန်နီ အစေးကို ကိုက်ခံရတဲ့နေရာပေါ် အကြိမ်များစွာ အစေးဖြင့် သုတ်ပေးပါက အနာသက်သာစေပါတယ်။ ကျတော်ငယ်ငယ်က ထိုနည်းကို အဘိုးပေးခဲ့ပါတယ်။ ငယ်ငယ်က ခွေးကိုက်ခံရလို့ ကိုက်ခဲ့ရတဲ့ အပေါက်ပေါ် ကြက်သွန်နီ အစေး သုံးလေးရက်ခန့် တစ်နေ့ နှစ်ကြိမ်ခန့် ထည့်လိုက်တာ အရောင်လည်းလျော့ နာကျင်တာလည်းမရှိ ပျောက်သွားပါတယ်။ (ဒါပေမယ့်လို့ ဒီနည်းက စိတ်မချရပါ၊ ခွေးကိုက်ခံရပါက ခွေးရူးကာကွယ်ဆေးထိုးခြင်းသာ အကောင်ဆုံးပါ)
0 comments:
Post a Comment