Subscribe Twitter

Friday, January 28, 2011

Ginger ဂျင်း၏ အသုံးဝင်ပုံ

http://tpsaye.files.wordpress.com/2009/03/ginger.jpg?w=300&h=230
Google Image
ဂျင်းရဲ့ ဆေးဘက်ဝင်ပုံကို စာစောင်တစ်ခုမှာ ရေးထားတာ တွေ့လိုက်ရပါတယ်။ ထိုစာစောင်တွင် ရေးထားသည်မှာ မပြည့်စုံသေးပါ။ ကျတော် ငယ်ငယ်က ဆိုလျှင် ဂျင်းပြုတ်ရေ တစ်ပတ်တစ်ကြိမ်ခန့် သောက်ရ ပါတယ်။ ကိုယ်လက်နာကျင်လို့ အဖိုး ဖြစ်တဲ့သူက သောက်ခိုင်း လေ့ရှိတယ်။ ဂျင်းကိုပါးပါးလှီးပြီး သကြားနဲ့ ရော၍ ရေဆူအောင်ပြုတ်ပြီး အအေးခံကာ သောက်ပါက ကိုယ်လက်နာကျင် မှုတွေသက်သာ စေပါတယ်။ အကောင်းဆုံး ကတော့ ထန်လျှက်နဲ့ ရော၍ ပြုတ်သောက်ခြင်းပါပဲ။ အမျိုးသမီးတွက် ချည်းသက်သက် မဟုတ်ပါ။ အမျိုးသားများလည်း သောက်နိုင်သော ဆေးတစ်ခွက်ဖြစ်ပါတယ်။ 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRpwnaOM6lyWG0klxlS1QHYZwWgpADKDXW7T1J1yOh5QdwyS5Rij44yCv-WSqCsDHVOkoOKa1BMIAn70Xl1O29DbwwQxehm4lE1xUY2bdUCk-m3bzkC8YkGWbN5qIag47UyVYLCn3EUCxW/s400/ginger+plants.JPG
Google Image
ဆာမိတို့ နိုင်ငံမှာဆိုလျှင် ဂျင်ဂျာတီး ဆိုပြီး ရောင်းကြပါတယ်။ ဂျင်းကို အစိမ်းစားခြင်းက ပြုတ်သောက်ခြင်းထက်ကောင်းပါတယ်။ အစိမ်းသုတ်စားလို ပါက ပါးပါးလှီးပြီး ဆားနဲ့နယ်ပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် ၎င်းဆားများအား ဆေးထုတ်၍ သုတ်စားနိုင်ပါတယ်။ အိုစိမ်ထားတဲ့ ဂျင်းကိုသုတ်စားပါက ခဲဆိပ့် များပါဝင်နိုင်ပါတယ်။ အကောင်းဆုံးအကြံပေးရင် မိမိကိုယ်တိုင် လတ်လတ်ဆတ် ဆတ်ဂျင်းကို ပါးပါးလှီး သုတ်စားတာအကောင်းဆုံးပါလို့ ပြောလိုက်ပါရစေ။

0 comments:

Post a Comment