Subscribe Twitter

Tuesday, February 1, 2011

Honey ပျားရည်၏ အသုံးဝင်ပုံ

http://static.howstuffworks.com/gif/local-honey-for-allergy-3.jpg
Google Image
ပျားရည်၏ ဆေးဘက်ဝင်ပုံကို ကျတော်ဒီနေရာမှာ ရေးပြပါမယ်။ ပြည့်စုံချင်မှပြည့်စုံပါမယ်။ ပျားရည်မှာ အမျိုးအစား များစွာကွဲပြားပါတယ်။ ပျားကောင် သေးသေးလေးရဲ့ ပျားရည်၊ ဆံပင်လိမ်ပျား (ဒီပျားများဟာ သစ်ခေါင်း များတွင် အုံဖွဲ၍ သူတို့နေသော အုံအား စေးကပ်သော သစ်စေးများ ဖြင့် ပိတ်ကာထားသည်၊ ပျားကောင်ကြီးများ မှရသော ပျားရည် စသည်ဖြင့်ကွဲပြားပါသည်။ မွေးမြူထားသော ပျားသည် ပျားကောင် ကြီးများပင် ဖြစ်သည်။ သဘာဝ တောထဲမှ ဖွတ်၍ရသော ပျားရည်သည် ဆေးဘက် အ၀င်ဆုံးပင် ဖြစ်သည်။ ၎င်းပျားရည်ထဲတွင် ဖယောင်းနှင့် ပန်းဝတ်မှုန်များ ပါဝင်သည်။ မွေးမြူထားသော ပျားရည်သည် သကြားဓာတ် လွန်ကဲပါသည်။ ဆေးဘက်ဝင်တာက အစာအိမ် အချဉ်ပေါက်ခြင်း၊ လေချဉ်ခဏခဏတက်ခြင်း၊ နှလုံးခုံရင်တုန်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ များအတွက် အသုံးဝင်ပါသည်။  အားအင်ကုန်ခမ်း မောပန်းခြင်း များကတော့ ပျားရည်ဇွန်း တစ်ဇွန်းခန့် သောက်ပေးခြင်းဖြင့် ပြန်လည်ပြည့်လာနိုင်ပါသည်။
ပါဝင်ဖွဲ့စည်းပုံကတော့ အောက်ပါဇယားအတိုင်းပါပဲ။





0 comments:

Post a Comment