Subscribe Twitter

Monday, December 20, 2010

ရှောက်ခါးသီး ( citron )

File:Citrus medicus fruit.jpg
Google Image 
http://citrusart.co.uk/images//FinCitron1.jpg ရှောက်ခါးသီးကိုတော့ မြင်ရခဲပါတယ်။ ရှားလည်းရှားပါတယ်။ အသုံးဝင်တာ ကတော့ လေရောဂါသမားများ အတွက်ပဲဖြစ်ပါတယ်။ လေစဖြတ်ကာစသူများ ၎င်းရှောက်ခါးသီး အလုံးလိုက်နှင့် အရက်ဦးရေရော စိမ်ထားသော ဆေးအား လိမ်းပါက အဖြစ်နည်းလျှင် ပြန်ကောင်းနိုင်ပါတယ်။ (ပုံမှာအရောင်ပြောင်း နေတယ်-အမှန်ကအစိမ်းပုတ်ရောင် ရှိပါတယ်) စိုက်ရတာလည်း ခက်ခဲပါတယ်။ အသီးကတော့ လိမ္မော်သီးလောက်ပဲရှိပါတယ်။ အတွင်းကအသားက သာမန် ရှောက်သီးထက် အခါးအရသာအနဲငယ်ပိုပါတယ်။ အသုံးဝင်တာက အပြင်ခွံပါ။ အနံ့စူးရှ၍ စားမိပါက လျှာအားထူပူသွားစေပါလိမ့်မယ်။ တခါတလေ ၃၇-၃၈ လမ်း၊ ဒါမှမဟုတ် ဘိုကလေးဈေးမှာ တွေ့နိုင်ပါတယ်။ အပင်ကိုတော့ ကရင် ပြည်နယ်ဘက်မှာ အများဆုံးတွေ့ရပါတယ်။ ကိုယ်လက်ထုံကြင် ပါက ၎င်းရှောက်ခါးသီးဖြင့် ပွတ်ပေးက ပြောင်းကင်း နိုင်ပါကြောင်း....... ရေးသားလိုက်ပါသည်။ (ကိုယ်တိုင်ရေး.......)

0 comments:

Post a Comment